remember

872 224 21
                                    

ဂျောင်ကုတယောက် ဂျင်ကိုသတိရလာသို့
ရူတင်ကို
ရောက်လာခဲ့ပေမယ့် သူရောက်လာတာကိုလည်းမသိစေချင်တာမို့ ခိုးကြောင်ခိုးဝှက်ဖြင့်။

သူမသိစိတ်က ဆော့ဂျင်ကိုအများကြီး သဘောကျနေမိပေမယ့် တဖက်က လက်ထက်ရမယ်ဆို‌တဲ့ အတွေးက ဝင်လာလေတော့
သူစိတ်တွေနောက်ကျိကုန်တယ်။

ဂျင်ကလည်းသူကိုသဘောကျနေသလို
သူလည်း ဂျင်ကို ချစ်နေတာပဲ ဒါဆိုရပြီမဟုတ်ဘူးလား?

" ထူးဆန်းတယ် တကယ်ကိုထူးဆန်းတယ်!!"

"အ့!!"

သူအတွေးများနေတုန်းသူကိုယ်ကိုဝင်တိုက်လာတဲ့ ကောင်လေးတယောက် ၊ သူထူပေးဖို့ပြင်ပေမယ့် သူဘာသူပဲ ကုန်းကုန်းကွကွဖြင့် ထရပ်ကာ
သူကိုရန်တွေ့လာလေရဲ့။

*ပထမဆုံးတွေ့ထဲက
ကျက်သရေ မရှိဘူးတဲ့လေ *

သူဒီကောင်လေးကိုအခုမှ မြင်ဖူး ၊ တွေ့ဖူးတာမဟုတ်လား? ဂျီမင်းဘေးမှာအမြဲတွေ့ရတဲ့ ကောင်လေးကတော့ သူကိုတောင်းပန်လာရင်း
ထိုငစွာလေးကို ဆွဲခေါ်သွားပေမယ့်
အတွေးတွေများလာတဲ့ သူကတော့ ထိုနေရာ၌
မလှုပ်မယှက်။

------------

" သခင်လေး !!"

ဧည်ခန်းထဲ၌ သူမတ်တပ်ကြီးရပ်ကာ အတွေးများနေတုန်း  အလုပ်သမားတဦးက ခေါ်လာလေတော့ ထမင်းစားချင်စိတ်မရှိဘူးဟုသာပြောရင်း
အခန်းရှိရာထွက်လာလေတော့ ။

" လက်ထက်မယ်~~ အာ့နှုတ်ခမ်းဖူးဖူးလေး
ဟိုငစွာကောင်လေး ~~
ဘာတွေလဲ ငါ တခုခု သတိရချင်သလိုနဲ့
ရူးတော့မယ် !!"

ဒီအချိန်အခန်းတံခါး လာခေါက်သံကြောင့် ဒေါသတွေပိုထွက်လာရင်း အော်ဟစ်လိုက်မိလေတော့ ။
*သခင်လေးအကျီထဲက ဆွဲကြိုးနဲ့လက်စွပ်လေး
တွေ့လိုလာပေးတာပါတဲ့လေ*
သူတခါမှမဝတ်ဖူးတဲ့ ဆွဲကြိုးလေးကြောင့်။

" ငါအကျီက ? ဘယ်အကျီလဲ? "

" အာ့တာက ~~ ဟို နည်းနည်းကြာပြီ !!'

" ပေးဒီကို အသုံးမကျတဲ့ဦးနှောက် ကို
အသုံးချလိုရပြီဆိုကာမှ လာပြော !!"

ဆွဲကြိုးလေးနဲ့အတူ လက်စွပ်လေးပါ တွဲပါနေသည်မို့ သူဦးနှောက်ကိုထပ်အလုပ်ပေးနေမိတုန်း သူဖုန်းရဲ့ notiအသံကြောင့် စစ်မိလိုက်လေတော့။

JK bridegroom [ kookjin]Where stories live. Discover now