Chapter 6 (Z)

914 224 6
                                    


နဂါးလေးက တွန့်ဆုတ်စွာနဲ့ ငါ့ကိုမေးလာတယ်။
“ အစ်မကြီးက ဘယ်လိုမင်းသားမျိုးကို ရှာနေတာလဲ။ ”

ငါ မဆိုင်းမတွဘဲ ပြန်ဖြေလိုက်တယ်။

“ နင့်ထက်သန်မာရမယ်။ စာပေရေးရာနဲ့  ကိုယ်ခံပညာမှာလည်းတော်ပြီး ချောလည်းချောရမယ်။  ”

နဂါးလေးကတော့ အလေးအနက် စဉ်းစားပြီးမှ-
“ ကျွန်တော် သိပြီ ”

“ အနောက်တောင်ဘက်မှာ အင်အားတောင့်တင်းတဲ့ တိုင်းပြည်တစ်ခုရှိတယ်။ ပြီးတော့ အဲ့ဒီတိုင်းပြည်ကမင်းသားကလည်း အတော်လေးတော်တယ်။   ”

အရင်တစ်ယောက်လိုဖြစ်မှာစိုးတာကြောင့် ငါ့မှာ အလန့်တကြားနဲ့ မေးလိုက်ရ​တော့တယ်။

“ ဟုတ်ရောဟုတ်ရဲ့လားဟယ် ”

နဂါးလေးကတော့ အပြစ်ကင်းတဲ့ပုံလေးနဲ့ -

“ ကျွန်တော်ကလေးဘဝတုန်းက အဲ့ဒီမင်းသားလေးနဲ့ အတူကစားဖူးတယ်။ နောက်ပိုင်းမှ ကျွန်တော်က မွေးရပ်မြေကို ပြန်သွားခဲ့တာ။ အခု သူက ကြီးပြင်းလာပြီးနောက်ပိုင်း အင်အားကြီးလာတယ်လို့တော့ ကြားမိတာပဲ။   ”

ငါလေး စိတ်ချလက်ချနဲ့ပဲ ယုံကြည်လိုက်ပါတော့မယ်လေ။

“ ဒါဆိုလည်း အဲ့ဒီတစ်ယောက်ပေါ့ ...  ”

နဂါးလေးကို ငါ့လက်မောင်းတွေကြားမှချီထားရင်း နည်းနည်းလေးတော့ ရှက်ကိုးရှက်ကန်းဖြစ်လာတယ်။ ဒါပေမယ့်လည်း ရွေးချယ်စရာမရှိ
ဘဲ မေးလိုက်ရတော့တယ်။

“ အဟမ်း... ဒါနဲ့ ……”

“ အနောက်တောင်ဘက်က ဘယ်လား၊ ညာလား။ ”

နဂါးလေးက နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလာတယ်။

သူ့အပြုံးလေးက ချိုသာနေပေမယ့်လည်း သူ ငါ့ကို လှောင်နေမှန်းတော့ သိပါတယ်။ 

“ ငါတို့နိုင်ငံက အရပ်မျက်နှာတွေကို ရှေ့နောက်တောင်မြောက်လို့ မသုံးဘူး။ အထက်နဲ့အောက် ဘယ်နဲ့ညာလို့ပြောကြတာ။   ”

ငါ့ကို ​မော့​ကြည့်လာတဲ့ နဂါးလေးမျက်လုံးလေးတွေက လခြမ်းကွေးလေးတွေကို ကွေးညွတ်သွားတယ်။

“ ဪ... အဲ့လိုလား။ ”

ငါလည်း လေးနက်တဲ့မျက်နှာထားဖမ်းပြီး ပြန်ပြောလိုက်တယ်။

“ အဲ့လိုပဲ ”

တကယ်တော့ ငါတို့နိုင်ငံက တိုင်းသူပြည်သားတွေက ရှေ့နောက်တောင်မြောက်ကို ခွဲတတ်ကြပေမယ့် ငါကတော့ မမှတ်တတ်ဘူး။ ဒီအကြောင်းကိုတော့ ငါ ဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူး​နော်။  

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒီနဂါးပေါက်စကို မတွေ့ရခင်က ငါ့သာ နဂါးတစ်ကောင်အဖမ်းခံရရင် ဒီလိုဖြစ်လိမ့်မယ်လို့ထင်ခဲ့တာ။

[ ငါက ကြောက်လန့်တကြားနဲ့ ငိုယိုနေရပြီး-  “ ထွက်သွား ... ကျွန်မကို လွှတ်ပေးပါ  ! ကျွန်မ အိမ်ပြန်ချင်လို့ပါ –ဟင့်... ”

နဂါးကြီးက ငါ့ကို သူ့ရဲ့ ကျောပြင်အကျယ်ကြီးပေါ်မှာတင်ရင်း တိမ်တွေထဲမှာ ပျံသန်းနေရာကနေ ကောင်းကင်နဲ့ မြေကြီးကို တုန်ခါစေနိုင်တဲ့ အသံအကျယ်ကြီးနဲ့ အော်လိုက်လိမ့်မယ်။

“ အိပ်မက်မက်နေလိုက် ငါ အခု မင်းကိုဖမ်းလာခဲ့ပြီး မင်းအိမ်ကိုပြန်ဖို့ စိတ်တောင်မကူးနဲ့တော့ ! ” ]

ဒါပေမယ့် အခုတော့ လက်တွေ့ကြုံနေရတာက ဒီပုံအတိုင်းပဲ။

ငါက နဂါးပေါက်စကိုချီပြီး နာရီအနည်းငယ်လောက် လမ်းလျှောက်ပြီးတဲ့ နောက်မှာတော့ သူ့ကို မေးလိုက်တယ်။ 

“ နင် ရေဆာလား။ ”

သူက ခေါင်းတဆတ်ဆတ်ညိမ့်ပြလာတယ်။

“ နည်းနည်းတော့ ဆာတယ် ”

ငါလည်း သူ့ရဲ့ရေဘူးကိုထုတ်ကာ အဖုံးဖွင့်ပေးလိုက်ပြီး-
“ ဒါ အရင်သောက်နှင့်။ နောက်မှာ နင့်အတွက် ရေသန့်သန့်လေး ရှာပေးမယ်။  ”

သူက ချိုချိုသာသာလေး ပြန်ပြောတယ်။
“ ကျေးဇူး ”
ပြီးတော့ အာစွတ်ရုံ ရေတစ်ငုံစာလေးပဲ မော့သောက်ရှာတယ်။

ငါ သူ့ခေါင်းလေးကို ပွတ်ပေးလိုက်တယ်။

လိမ္မာလိုက်တဲ့ကောင်လေး ....

အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now