Chapter 15 (U) <<Extra>>

5.8K 1K 75
                                    

Extra : The Dragon Youth's POV

ကျွန်တော်က နဂါးတစ်ကောင်ပါ။

ကျွန်တော့်မိဘတွေက တအားချစ်ကြပြီး သားသမီးဆိုလို့ ကျွန်တော်တစ်ယောက်ပဲရှိတယ်။ သူတို့က ပုံမှန်ဆို ကျွန်တော့်ကို အလွန်တရာမှ အလိုလိုက်ပြီး ရွှေငွေရတနာအားလုံးကို လိုလေးသေးမရှိ ပေးတတ်တယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ အံ့သြစရာကောင်းလောက်အောင်ကို ခေါင်းမာနေကြတယ်။

ကျွန်​တော့်မိဘ​တွေက နှစ်သစ်ကူးမှာ မင်းသားတစ်ယောက်ဖြစ်ဖြစ် မင်းသမီးတစ်ယောက်ဖြစ်ဖြစ် အိမ်ကိုခေါ်လာရမယ်လို့ ပြောခဲ့တယ်။

ကြာတော့ ခေါင်းတွေပါကိုက်လာပြီး တခြားရွေးချယ်စရာမရှိတော့ဘဲ မင်းသား ဒါမှမဟုတ် မင်းသမီးတစ်ပါးကို ရှာဖို့ ခရီးစထွက်ခဲ့ရတော့တယ်။

လမ်းမှာပဲ နုညံ့တဲ့ မင်းသားလေးတစ်ပါးရှိတဲ့ တိုင်းပြည်တစ်ခုအကြောင်းကို ကြားခဲ့ရတယ်။ မင်းသားလေးက နုညံ့လွန်းလို့ လေတိုက်ရင်တောင် ငိုတတ်ပြီး ပန်းလေးတွေတွေ့တိုင်း သက်ပြင်းချတတ်သတဲ့။ ဒီမင်းသားလေးက ကျွန်တော်ရှာနေတဲ့လူပဲလို့ စဥ်းစားမိပြီး အဲ့ဒီတိုင်းပြည်ကို နားနားနေနေပဲ ပျံသွားဖို့ စီစဥ်လိုက်တော့တယ်။

သွားရင်းနဲ့ လမ်းတစ်ဝက်လောက်ရောက်တဲ့အချိန်မှာ ကျွန်တော် ရေဆာလာတယ်။ ဒါပေမယ့် ရေဘူးအဖုံးက ဖွင့်လို့မရတာနဲ့ အဖုံးဖွင့်ခိုင်း​ဖို့လူတစ်ယောက်ကို ကြိုးစားရှာလိုက်ရတယ်။

ဒါပေမယ့် အဲ့ဒီမြို့တော်က မြို့သူမြို့သားတွေက ကျွန်တော့်ကို ကြောက်လန့်​ပြီး ထွက်ပြေးသွားကြတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ မြို့တံတိုင်းပေါ်မှာ မိန်းကလေးတစ်ယောက်ရှိနေခဲ့တယ်။

အဲ့ဒီမိန်းကလေးက ကျွန်တော့်ကို အရာသာရှိတဲ့ အစားအစာတစ်ခုကိုမြင်လိုက်ရသလိုမျိုး ထူးထူးဆန်းဆန်းကြည့်နေခဲ့တယ်။ ကျွန်တော် နည်းနည်းတော့လန့်သွားပေမယ့်လို့ အကူအညီတော့တောင်းလိုက်ပါတယ်။

ကျွန်တော် မိန်းကလေးကိုရေဘူးဖွင့်ခိုင်းလိုက်တာကြောင့် သူရဲ့မျက်နှာအမူအရာက ရှုံ့မဲ့သွားပြီး တစ်ယောက်ယောက်ကို သတ်ဖြတ်ချင်သလိုမျိုးကြည့်လာတယ်။

အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now