Chapter 12 (U)

4.4K 1K 76
                                    

ငါဘဝကြီးကို သံသယစဝင်နေမိပြီ။

နိဟောင်,?

ငါက ဒီမှာလေး

မင်းသားလေး ရှင် ကျွန်မကို မမြင်ဘူးလား

မင်းသမီးလေးက ဒီမှာလေ

ငါ တမင်တကာပဲ လုပ်ချောင်းနှစ်ခုဆိုးပြီး  ပုံမှန်အတိုင်း​​လေး ပြောလိုက်တယ်။
“ ကျွန်မက မင်းသမီးတစ်ပါးပါ ”

မင်းသားက ငါ့ကို အံ့အားသင့်သလို ကြည့်လာတယ်။

တကယ်ပါပဲ.

ဒီလိုမျက်နှာထားမျိုးကို နဂါးလေးမျက်နှာပေါ်မှလည်း မြင်ခဲ့ဖူးတယ်။

ငါ ထပ်ပြီး အထင်သေးခံရပြန်ပြီလား။

ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်လဲ။

“ နင် အဲ့ဒါ ဘာအချိုးလဲ။ ငါက တကယ် မင်းသမီးပါ။ ”

မင်းသားက မျက်မှောင်ကြုတ်သွားတယ်။

ငါ နဂါးလေးကိုလက်ညှိုးထိုးပြလိုက်ရင်း
“ နင် ငါ့ကိုမယုံရင် သူ့ကိုမေးကြည့် ”

နဂါးလေးကလည်း ခေါင်းညိမ့်ပြရင်း
“ ဟုတ်တယ် သူက တကယ်တော်တဲ့ မင်းသမီး ”

မင်းသားက အခု ငါ့ကိုယုံသွား​လောက်ပြီလို့ ထင်တယ်။

ရလာဒ်ကတော့ သူကအကြည့်လွှဲသွားပြီး လျစ်လျူရှုလိုက်တာပဲ။

“ ငါ့ ကိစ္စမဟုတ်ဘူး ”

အဲ့ဒီနောက် သူက နဂါးလေးကိုကောက်ပွေ့ပြီး ထိရှကွဲလွယ်တဲ့ ပစ္စည်းလေးကို ကိုင်ထားရသလိုမျိုး ဂရုတစိုက်နဲ့ မြင်းပေါ်ကို တင်ပေးလိုက်တယ်။

“ မင်း မှတ်မိသေးလား။ ငါတို့ငယ်ငယ်တုန်းက မကြာမကြာ အတူကစားခဲ့ကြတာလေ။ ”

နဂါးလေးက အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး သူ့နားရွက်လေးတွေက နီရဲသွားတယ်။

“ ငါ မှတ်မိတာပေါ့ မင်းတောင် အရင်ကထက် အရပ်ပိုရှည်လာတယ်နော် ”

မင်းသားက ပြုံးလိုက်ပြီး ငါနဲ့မျက်နှာချင်းဆိုင်တုန်းက ရေခဲဓားလိုအေးတဲ့ အကြည့်တွေက နွေဦးနဲ့တွေ့သလို အရည်ပျော်သွားတယ်။

“ ငါလည်း မင်းကို တစ်ချိန်လုံးလွမ်းနေခဲ့တာ။ မင်းနဲ့ ထပ်တွေ့ရတာ ကောင်းတာပေါ့။ ငါနဲ့အတူ နန်းတော်ထဲမှာ ရက်ပိုင်းလောက် လိုက်နေပါ့လား။ ”

နဂါးလေးရဲ့ မျက်တောင်ရှည်လေးတွေက တဖျတ်ဖျတ်လှုပ်ခတ်သွားပြီး
“ ငါ မင်းကို မနှောင့်ယှက်ချင်ပါဘူး ”

မင်းသားက ခေါင်းငုံ့လိုက်ရင်း
“ မဖြစ်ပါဘူး  မင်းက ငါ့အတွက် အထူးခြားဆုံးဧည့်သည်လေးပဲ။ ထပ်ပြီး မေးမနေတော့ဘူး။ ”

ငါလေး : “……”

ငါ သူတို့စကားပြောတာကိုကြည့်ရင်း ကြက်သေသေနေမိပြီး မင်းသမီးတစ်ပါးဆိုတဲ့ တည်ရှိမှုကို ပြဖို့ရမယ်။ 

“ ဒါနဲ့ .……”

နဂါးလေးက ငါ့ကိုသတိရသွားပြီး သူ့က မင်းသားကို ရှင်းပြလိုက်တယ်။

“ ဒါက မင်းကယ်ရမယ့် မင်းသမီးလေ။ ”

မင်းသားက ငါ့ကိုတောင်လှည့်မကြည့်ဘဲ မဆိုင်းမတွ ပြန်ဖြေလိုက်တယ်။

“ မကယ်ဘူး ”

နဂါးလေးက ငါ့ကို ဇဝေဇဝါနဲ့ ကြည့်လာတယ်။

မင်းသားက နဂါးလေးခေါင်းကိုကိုင်ပြီး သူနဲ့မျက်နှာချင်းဆိုင်​စေတယ်။ ပြီးတော့ တစ်ခုခုမှားနေတဲ့ပုံစံနဲ့ မေးလိုက်တယ်။

“ ဘာလို့ မင်းက သူ့ကိုပဲ အမြဲတမ်းကြည့်နေရတာလဲ။ ငါတို့ကလေးဘဝတုန်းကလိုမျိုး မင်း ငါ့ကို မကြိုက်တော့ဘူးလား။ ”

နဂါးလေးက မင်းသားလေးကို ချော့လိုက်လေရဲ့။
“ မဟုတ်ပါဘူး ငါ မင်းကို အမြဲတမ်း သဘောကျနေခဲ့တာပါ ”

……

ဟ ဟ... နင်တို့ ဒါကြီးကိုမြင်ကြလား။

ဒီမှာ လူတစ်ယောက်ရှိသေးတယ်လေ။

အာညော်ဟာဆယ်ယို ??

အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now