Chapter 14 (U)

4.7K 1K 115
                                    

ငါ နဂါးလေးနဲ့အတူ မင်းသားရဲ့နန်းတော်မှာ တစ်လနေခဲ့တယ်။

ဘဝကြီးက သာသာယာယာပဲ။

မင်းသားက နဂါးလေးကို ပန်းတွေပြဖို့ ခေါ်သွားတတ်တယ်။

ငါက နန်းတော်မှာ ငါးစာကျွေးနေခဲ့တယ်။

မင်းသားက နဂါးလေးကို ရေကန်ဆီ ခေါ်သွားတယ်။

ငါက နန်းတော်မှာ ငါးစာကျွေးနေခဲ့တယ်။

မင်းသားက နဂါးလေးကို မြင်းစီးဖို့ ခေါ်သွားတယ်။

ငါက နန်းတော်မှာ ငါးစာကျွေးနေခဲ့တယ်။

မင်းသားက နဂါးလေးကို ကပွဲဆီ ခေါ်သွားတယ်။

ငါက နန်းတော်မှာ ငါးစာကျွေးနေခဲ့တယ်။

မင်းသားကနဂါးလေးကို သူ့ဇာတိမြို့ကို ပြန်ခေါ်သွားတယ်။

ငါက …… ငါက ဝတ္ထုတိုတစ်ပုဒ်ဖတ်နေခဲ့တာပါနော်။

သြော်...  နင်တို့ ငါးတွေအကြောင်းမေးမလို့လား။

အစာနင်လို့ သေသွားပြီလေ။

ငါ နောက်ထပ်ငါးကန်တစ်ကန်ဆီသွားပြီး ငါး​တွေကို အစာကျွေးဖို့ ကြံစည်ခဲ့​​ပေမယ့် နန်းတော်ထဲက အပျိုတော်တစ်ယောက်က ငါ့ပေါင်ကိုဖက်ရင်း ငိုယိုတောင်းပန်ခဲ့တယ်။

“ ကျေးဇူးပြုပြီး ငါးတွေကို အစာထပ်မကျွေးပါနဲ့တော့။ သူတို့ကို အသက်ရှင်ခွင့်ပေးလိုက်ပါ။ ”

ငါလည်း အဲ့ဒီကောင်မလေး ပုခုံးကိုကိုင်ပြီး စိတ်ရင်းနဲ့ ပြောလိုက်ပါတယ်။ 

“ နင်မှားနေပြီ။ ငါးတွေက ငါအစာကျွေးလိုက်လို့သေတာမဟုတ်ဘူး။ သူတို့ဖာသာ အစာနင်လို့ သေသွားတာ။ ”

အပျိုတော်ကတော့ ငိုပြီးရင်းငိုကာ-
“ ဘာကွာလို့လဲ။ ”

“ ဟုတ်တယ်။ သူတိုက ငါးစာနင်လို့သေတာမဟုတ်ဘူး ခွေးစာနင်လို့ သေသွားတာ။ ”
[T/N: ခွေးစာ mean နဂါးလေးနဲ့ မင်းသားတို့အတွဲ၏ ရိုနေမှု ]

ငါးတွေတင်မကဘူး။

ငါလည်းပဲ ခွေးစာနင်လို့ သေတော့မယ်ထင်တယ်။

အဲ့ဒီပျံတံတံ နန့်တန့်တန့်နဲ့ ရွံစရာမင်းသားက သနားစဖွယ်လေးဟန်ဆောင်ပြီး နဂါးလေးကို နားပူနားဆာ လိုက်ကပ်နေတယ်။ ပန်းပွင့်လေးလို နုညံ့တဲ့ သနားစရာ နဂါးလေးကတော့ မင်းသားလက်ထဲမှာ အလှည့်စားခံလိုက်ရပြီလေ။

မင်းသားရဲ့ ညစ်ညမ်းတဲ့စကားတွေကလည်း တစ်နေ့တစ်ခြား ပိုပိုဆိုးရွားလာတော့တယ်။

မင်းသား : “ ငါနဲ့မတွေ့တာကြာတော့ မင်း ငါ့ကို မလွမ်းဘူးလား။ ”

မင်းသား : “ ငါ့နှလုံးသားက ကျောက်တုံး​ဖြစ်နေ​ပြီ။  ပြောင်းလဲလို့မရတော့ဘူး။ ”

မင်းသား : “ မင်းက ငါ့ရဲ့ ထာဝရအချစ်ပဲ ”

မင်းသား : “ ဘေဘီ ကိုယ့်ကို လက်ထပ်မလား။ ”

……

ဟက်... ယောကျာ်းတွေအကုန်လုံးက ဝက်တွေပဲ။

ဒါပေမယ့် ဒီဝက်ခြေထောက်ကောင်ကတော့ ဆိုးတော့မဆိုးပါဘူး။ သူက နဂါးလေးကို စောင့်မျှော်နေချိန်ကတည်းက လူတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောထားပြီးသား။
[T/N: ဝက်ခြေထောက် - မိန်းက​​လေး​တွေကို လိမ်ညာတတ်တဲ့ ယောကျာ်း not sure 😌 ]

ငါ နန်းတော်မှာနေတဲ့ နောက်ဆုံးရက်မှာပဲ သူတို့မင်္ဂလာဆောင်ကို တက်ခဲ့ရတယ်။

လှပပြီး နုညံ့သိမ်မွေ့တဲ့ နဂါးလေးက အင်အားကြီးမားတဲ့ ဒီနိုင်ငံမှာ အခြေကျသွားခဲ့ပြီ။

ငါ ပြန်တော့ မင်းသားရဲ့ ရှုံ့မဲ့နေတဲ့မျက်နှာကိုတောင် ဂရုစိုက်မနေတော့ဘဲ နဂါးလေးကိုဖက်ပြီး သူ့နဖူးလေးကို နမ်းလိုက်တယ်။

“ ဒီဝက်ခြေထောက်ကောင်က နင့်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံတဲ့တစ်နေ့ ငါ့ကိုလာရှာနော်။ အစ်မကြီးရဲ့တိုင်းပြည်က နင့်အတွက်ဆို အမြဲတမ်းတံခါးဖွင့်ထား​မယ်။ ”

နဂါးလေးရဲ့ မျက်လုံးတွေက ပင်လယ်ပြာလို လှပနေဆဲဖြစ်ပြီး ကောင်းကင်က ကြယ်တွေလို တောက်ပနေတုန်းပဲ။

နဂါးလေးက ငါ့ကိုကြည့်ရင်း လေးနက်စွာ ပြောတယ်။ 
“ အစ်မကြီးက အင်အားအကြီးဆုံးဘုရင်မမှာဖြစ်လာမှာ။ ”

ငါ ခေါင်းမော့ကာ ပြုံးလိုက်ပြီး -
“ သေချာတာပေါ့ !”

အဲ့ဒီနောက် မြင်း​ပေါ်တက်ပြီး လက်ပြကာ ပြန်လှည့်မကြည့်တော့ဘဲ ငါ့နိုင်ငံကို ပြန်လာခဲ့တော့တယ်။ 

- END -


အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now