Chapter 8 (U)

4.5K 1K 40
                                    

နဂါးလေးက နုညံ့ပြီး အားနည်းပုံရပေမယ့် သူကင်ထားတဲ့အကင်လေးတွေကတော့ အတော်လေးအရသာရှိတယ်။

ငါက ယုန်နှစ်ကောင်ဖမ်းခဲ့ပြီး သူကတော့ ကင်ဖို့တာဝန်ယူတယ်။

သူ့ရဲ့လက်ရာက ငါတို့နန်းတော်က ဆရာကြီးတွေထက်တောင် ပိုကောင်းနေသေး။

ကျစ်

ငါ မြက်ခင်းပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချပြီး အရိုးကို ထွေးထုတ်ကာ သူကို မနာမလိုစိတ်နဲ့ မေးလိုက်တယ်။

“ နင်က ဟင်းလည်းချက်တတ်တာပဲလား။ ”

နဂါးလေးက မီးပုံရှေ့မှာထိုင်ရင်း ယုန်ကိုမီးကင်နေပုံက ငါ့ထက် အဆတစ်ထောင်လောက် ပိုသိမ်မွေ့တဲ့ပုံ ပေါ်နေသေးတယ်။

“ ကျွန်တော့်အဖေက ပြောဖူးတယ်။ အခုခေတ်မှာ တည်တံ့ပြီး ဗိုလ်ကျတတ်တဲ့နဂါးတွေက ရေပန်းမစားတော့ဘူး။ မင်းသမီးတွေက ကြင်နာတတ်ပြီး လူကြီးလူကောင်းဆန်တဲ့ပုံစံမျိုးကိုပဲ ကြိုက်ကြတော့တာတဲ့။ နဂါးတစ်ကောင်အနေနဲ့ ကျွန်တော်လည်း ခေတ်မီနေဖို့လိုတယ်လေ။ ဒါ့ကြောင့် အချက်အပြုတ်နဲ့ အိမ်မှုကိစ္စတွေပါ သင်ထားတာ။ ”

နားထောင်နေရင်း ငါရှုပ်ထွေးလာတယ်။

“ နင်တို့နဂါးတွေက …… အတော်လေးကို ခေတ်မီကြတာပဲ  ဒါပေမယ့် …… နင့်မျက်နဲ့ဆို ရေပန်းစားလား မစားလားဆိုတာ ဂရုစိုက်စရာမလိုလောက်ပါဘူး။ ”

နဂါးလေးက ယုန်ကို ဟင်းခတ်အမွှေးအကြိုင်တွေခတ်ပြီး သစ်ရွက်နှင့်ပတ်ကာ ငါ့လက်ထဲကို ထည့်ပေးတယ်။ ပြီးတော့ အပျော်လွန်နေတဲ့ အမူအရာနှင့် -
“တကယ်လား ”

ငါ ယုန်ကို လှမ်းယူလိုက်ပြီး အကြီးကြီးကိုက်စားပစ်လိုက်တယ်။

အနံ့လေးကလည်း မွှေးနေတာပဲ။

ငါလည်း ယောင်ဝါးဝါးနှင့်ပြန်ဖြေလိုက်တယ်။
“ ဒါပေါ့ အခုခေတ်လူတွေက မျက်နှာကိုပဲ ကြည့်ကြတော့တာ။ ”

နဂါးလေးက ပြုံးသွားတယ်။

“ အစ်မကြီးကိုကြိုက်တဲ့လူတွေလည်း အများကြီးရှိမှာပေါ့နော် ”

ငါ ရင်ဘတ်ကိုပုတ်ပြီး ဂုဏ်ယူဝင့်ကြွားစွာဆိုလိုက်တယ်။

“ ဒါပေါ့... ကလေးဘဝကတည်းက ငါ့မှာ နောက်လိုက်တွေအများကြီးရှိနေပြီ။ ငါ့ကိုသဘောကျတဲ့လူတွေဆိုရင် မြို့တော်တစ်ခုလုံး စည်းဝိုင်းလို့​တောင်ရတယ်။  ”

ငါ လိမ်ပြောလိုက်တာ

တကယ်တော့ မူလတန်းဒုတိယနှစ်မှာ ကောင်လေးတစ်ယောက်ပဲ ပိုးပန်းခံရဖူးတာ။ ဒါကလည်း ငါနဲ့အတူရှိ​နေတာက လုံခြုံမှုရှိလို့ပဲ။

နင့်ကိုယ်နင် လုံခြုံအောင်လုပ်တယ်ပေါ့... သနားစရာလေး

ယောကျာ်းတွေအကုန် ဝက်တွေကြည့်ပဲ

ငါ စိတ်ဆိုးမာန်ဆိုးနဲ့ ယုန်ကို ကိုက်ဖြတ်ဝါးလိုက်ပြီး ငါ့ကို​​ကြောင်ကြည့်နေတဲ့ နဂါးပေါက်စကို ပြန်ကြည့်လိုက်တယ်။

ငါလိမ်တာကို အဟုတ်ကြီးယုံသွားတာ မဟုတ်ဘူးလား။ ငါ မလုံမလဲဖြစ်သွားရပြီ။

ချောင်းဟန့်ပြီး လည်ချောင်းရှင်းက နဂါးလေးကို နည်းနည်းခြောက်လိုက်တယ်။
“ ငါပြောတာကိုမယုံဘူးလား ”

သူက ခေါင်းခါပြတယ်။
“ မဟုတ်ပါဘူး …”

နဂါးလေးက သူ့ရင်ဘတ်ကိုသူ လက်ညှိုးထိုးပြပြီး ငါ့ကိုပြတယ်။

“ ခုနက အစ်မကြီးဒီနားကိုပုတ်လိုက်တော့ လက်မှာ ဆီတွေနဲ့ ”

……

ငါ ငုံ့ကြည့်လိုက်တော့

တခြားသူတွေဆို သူတို့ရင်ဘတ်မှာ အနီရောင်ရဲရဲ လည်စည်းမျိုးဝတ်ကြတယ်လေ။

ငါ့ရင်ဘတ်မှာတော့ ဆီစွန်းနေတဲ့ လက်ဝါးရာကြီးက အထင်းသား။

ဟင်း...

အင်္ကျီအပိုမပါဘဲ ထွက်လာမိတာကိုက မှားတာပဲ။

အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now