Chapter 9 (Z)

859 203 5
                                    

နဂါးလေးနဲ့အတူ ရက်အတော်​ကြာ ခရီးဆက်ခဲ့ကြပြီးချိန်မှာ သူက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ နဂါးတစ်ကောင်မှန်း သိလာရတယ်။

ဘာလို့ ငါက နဂါးဖမ်းတာခံရမှာလဲလို့ သူက မေးလာတယ်။

ဒါက ရှေးခေတ်ကနေ မျက်မှောက်ခေတ်အထိ လက်ဆင့်ကမ်းလာကြတဲ့ စည်းမျဉ်းတစ်ခုလို့ ပြန်ဖြေလိုက်တယ်။

သူ့ခေါင်းသေးသေးလေးထဲမှာ  question mark (?) တွေနဲ့ ပြည့်သွားပြီး-
“ အဲ့လိုလုပ်စရာ လိုလို့လား။”

ငါ ခဏလောက် တွန့်ဆုတ်သွားပြီ-
“ တကယ်တော့ မလိုဘူး။ ဒါက လူတွေ သက်မှတ်ထားရုံလေးပဲ။ ”

နဂါးလေးက သူ့မေးစေ့ကိုပွတ်ရင်း မရှင်းမလင်းနဲ့ဆိုတယ်။

“ ကျွန်တော်အဖေကလည်း  မင်းသမီးတစ်ယောက်ကို အိမ်ဖမ်းခေါ်လာဖို့ ပြောတယ်။ တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင် မင်းသားတစ်ပါးဆိုလည်း ရတယ်တဲ့။ ဒါပေမယ့် အဲ့လိုမှမလုပ်နိုင်ရင် နှစ်သစ်ကူးကျ အိမ်ပြန်လာခွင့်မပြုဘူးတဲ့လေ။ ဒါကြီးက ယုတ္တိမရှိဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်က သူ့သား​ရောဟုတ်ရဲ့လား၊ သူ့သားကို ပြန်ပေးဆွဲတဲ့လူများဖြစ်နေလားပဲ။ ”

ငါတို့နှစ်ယောက်လုံး အဖြစ်ချင်းတူနေကြတာပဲ။

ငါ သူ့ပုခုံးကိုပုတ်ပေးရင်း နားလည်ကြောင်းပြောပြလိုက်တယ်။

“ ငါရောပဲ။  ငါက ထက်မြက်နေပြီးသား  ဘုရင်တစ်ယောက်ဖြစ်နိုင်နေပြီလေ။ဒါပေမယ့် မင်းသမီးဆိုတာ သူ့ကိုလာကယ်မယ့် မင်းသားတစ်ပါးကိုစောင့်ဖို့ လိုတယ်လို့ လူတိုင်းက ပြောနေကြတယ်။ပြီးရင် ကြင်ရာတော်ဧကရီတစ်ပါးဖြစ်လာမယ်တဲ့။ ဘုရင်တစ်ပါးဖြစ်လာတယ်ဆိုတာ အစဉ်အလာမရှိဘူးတဲ့လေ။ ငါသိချင်တာက ငါ့ကိုလာကယ်တဲ့ မင်းသားက အရူးတစ်ယောက်ဖြစ်နေရင်ရော။ ငါလည်း အရူးကြင်ယာတော်ဖြစ်လာရမှာလား။ ”

နဂါးလေးက နတ်ဆိုးတစ်ကောင်လို သူ့ရဲ့ သွားဖြူဖြူလေးတွေပေါ်လာတဲ့အထိ ရယ်ပြတယ်။

“ အစ်မကြီးကလည်း အစ်မကြီးကိုယ်တိုင် ဘုရင်ဖြစ်နိုင်အောင်လုပ် ပြီးမှ ဧကရီနေရာအတွက် မင်းသားတစ်ပါးရှာလိုက်ပေါ့။  ”

ဟမ်

ဒီလိုလည်းရတယ်လား။

ဘာလို့ ဒါကို မတွေးမိတာပါလိမ့်။

နဂါးလေးက ငါ့ကို ကြယ်လေးတွေလို ဘလင်းဘလင်းတောက်နေတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်လာတယ်။ 

“ အစ်မကြီးက ဒီလောက်တော်တာ၊ ဘုရင်ကောင်းတစ်ပါးဖြစ်လာမှာပါ။ ”

ချီးမွမ်းတာကို တောင့်မခံထားနိုင်တော့ဘူး။

နဂါးလေးက ငါ့ကို ချီးကျူးပြီးတာနဲ့ အဓိကကိစ္စကိုတွေးမိသွားတယ်။

ငါ ပေါင်ကိုပုတ်လိုက်ပြီး
“အိုကေ ! ဒါဆို ငါ့ကိုကယ်မယ့် မင်းသားတစ်ပါးရှာပြီး ဘုရင်ပြန်လုပ်မယ်။ ”

“ ဘာလို့ မင်းသားရှာချင်နေသေးတာလဲ ”

“ ထုံးတမ်းတွေလေ ! ထုံးတမ်းတွေ ! နားလည်လား။ လူတွေက အမြဲတမ်း သတ်မှတ်ချက်တွေအတိုင်း လုပ်ကြရတယ်လေ။ ”

“ သိပြီ သိပြီ အစ်မကြီးက တကယ်ကို ထက်မြက်တာပဲ ”

“ တော်လာ​ပြီ ကောင်လေး ”

အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now