Chapter 11 (U)

4.4K 1K 88
                                    

နဂါးလေးနဲ့ ငါ့မှာ ပိုက်ဆံမရှိတော့ဘူး။

ငွေပြားလေးရှစ်ပြားပဲ ငါ့လက်ထဲမှာရှိတော့တယ်။

ပြီးတော့ နဂါးလေးရဲ့ အလှတရားတွေရောပေါ့။

ဟုတ်တာပေါ့... ဒီလောကကြီးက အရမ်းကိုရက်စက်လွန်းတယ်။

မုန့်ဆိုင်ပိုင်ရှင်ကို အကြွေးယူစားချင်လို့ဆိုပြီး ငါအသနားခံတော့ ငါ့ကို နှင်ထုတ်တယ်။

နဂါးလေးပြောတော့ကြတော့ ကြင်ကြင်နာနာနဲ့ သဘောတူလိုက်ပြီး osamanthus ကိတ်တွေတောင် တစ်ထုပ်ကြီးပေးလိုက်တယ်လေ။

နဂါးလေးပြောတော့ကြတော့ ကြင်ကြင်နာနာနဲ့ သဘောတူလိုက်ပြီး osamanthus ကိတ်တွေတောင် တစ်ထုပ်ကြီးပေးလိုက်တယ်လေ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Osmanthus

ါ့မှာတော့ ဘေးနားက နဂါးလေးကို ကြည့်ရုံပဲတတ်နိုင်တော့တယ်။

နဂါးလေးက မျက်လုံးလေးတွေကို ပေကလတ် ပေကလတ်လုပ်ပြီး
“ အစ်မကြီး ဗိုက်ထပ်ဆာပြန်ပြန်ပြီလား...ကျွန်တော်တို့ မကြာခင်ရောက်တော့မှာပါ။ ”

ငါ စိတ်တိုလာပြီနော်....

ငါက ခဏခဏ ဗိုက်ဆာတတ်တဲ့ လူစားမျိုးလား...

ငါကလေ ……

ငါလေးကလေ…

နဂါးလေးက osamanthus ကိတ်တစ်တုံးထုတ်​​ပြီး ငါ့လက်ထဲကို ထည့်ပေးလာတယ်။

“ ဒီမှာ... အစ်မကြီး... အစ်မအတွက်...ကျွန်တော်က ဗိုက်မဆာသေးဘူး ”

……

မှန်တာပေါ့

ငါက ဒီလိုလူစားမျိုးပဲ

အို့.... ဒီ osamanthus ကိတ်လေးက အရာသာရှိလိုက်တာ...

ငါ osamanthus ကိတ်လေးကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး နဂါးနဲ့အတူ ဆက်လျှောက်လာခဲ့ကြတယ်။

အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now