နှစ်ထပ်တိုက်ဖြူအိုလေးထဲတွင် မိန်းမသုံးဦးတို့ ကိုယ်စီအလုပ်ရှုပ်နေကြသည်။ဆေးလိပ်တိုခဲထားသော ခပ်ဖိုင့်ဖိုင် ဘွားအိုသည် အိမ်ပေါက်၀မှာထိုင်၍ ခြံတံခါး၀ဆီသို့ လည်တိုင်ဆန့်ကာဆန့်ကာမျှော်ကြည့်နေသည်။ အိမ်ရှေ့ဈေးဆိုင်ငယ်မှာတော့ မိန်းမငယ်က ဈေးရောင်းလျှက်ရှိသည်။ နောက်ဘေးမီးဖိုချောင်ထဲတွင် ဒေါ်ကြည်လှသည် ရွှင်မြူးစွာနှင့်ချက်ပြုတ်နေလေသည်။
"ဒေါ်ကြီး တင်လှရေ"
"ဟေ"
"အသက်လည်းကြီးပြီးဆေးလိပ်သောက်မလျှော့သေးဘူးလား"
"မိစန်း ငါတို့ကဒေါင်ဒေါင်မြည် ဒေါင်ဒေါင်မြည် ညည်းတို့လူငယ်တွေသာဂရုစိုက်"
"အမလေး ပြောမရပါဘူး ဒေါ်ကြီးစန်းရယ် ရော့ရော့ ပိုက်ဆံအအမ်း"
"ဒါနဲ့ မောင်ဖိုးကျော်တို့မရောက်သေးဘူးလား"
"ခုနက ဖုန်းဆက်တော့ ရောက်တော့မယ်ပြောတယ် မိစန်းရေ"
"ဟော ပြောရင်းဆိုရင်း ကားသံကြားသလားလို့ "
"ဟုတ်တယ်မေကြီးရေ လေးကျော်တို့လာပြီထင်တယ်"
"ဒေါ်ကြီးပြန်လိုက်ဦးမယ် မိငယ်ရေ"
"ဟုတ်ဟုတ်"
ဒေါ်စန်းက အထွက် ကားလေးက ခြံဝိုင်းထဲ ၀င်လာသည်။"ဟော လေးကျော်တို့လာပြီဟေး "
ကားဖြူလေးအတွင်းမှ လေးကျော်နှင့် သူ့မိန်းမလောင်းလေးအပြင် နောက်ယောကျာ်းလေးတစ်ယောက်ပါဆင်းလာသည်။ဟင် ဘယ်ကလူပါလိမ့်။
"ပေးပေး အိတ်တွေမိငယ်ကိုပေး မမကေ"
"ရတယ်ရတယ် ကျွန်တော်သယ်ခဲ့မယ်"
အို့ ဘယ်ကလူလဲ ။ စပ်စပ်စုစု သူများသယ်မဲ့ဟာကို ဇွတ်လုသွားတယ်။ မမကေကို လေးကျော်ခဏခဏပြောပြလို့ လူသာမမြင်ဖူးနေတာ ချစ်နေတာကြာပြီလေ။ မမကေက ချစ်လာအောင် အမှတ်ယူမလို့ပါဆို ဒီလူဘလိုလူလဲ။
"လာလာမမကေ ""လေးကျော်၊ လေးကျော် အသားတွေမဲလာလိုက်တာ မိငယ်လောက်တောင်မဖြူတော့ဘူး "
"တူရင်းချင်းကပ်ဖဲ့နေပြန်ပြီ ဒီကလေးမ ငါခေါက်လိုက်ရ ၊ ရော့ရော့ မုန့်တွေကူသယ်ဦး"
YOU ARE READING
အချစ်လေးကနုနုငယ်ငယ်
Romanceရောင်စုံပန်းတွေကြားထဲ ရောက်နေတဲ့ လိပ်ပြာလေးကို ပန်းဝါဝါလေးက ပြန်လည်နားခိုလာမလားဆိုပြီး စောင့်မျှော်နေသလိုပေါ့ အကိုရယ်။