ကဲ အဲ့တာမှ ဂွပဲ ။ မန္တလေးမှာ စီးနေတာက မမရဲ့ လက်ကျ scoopyဟောင်းလေး။ အခုက super cub ။ မစီးဖူးပေမဲ့ သိပ်မကွာလောက်ပါဘူး။ ကလေး နောက်ကတော့ ထိုင်မလိုက်ချင်ဘူးလေ။
"ဟီးဟီး ဒီလိုကျတော့လည်း ဦးရဲက တကယ့်လူငယ်လေးပဲ"
"ဟင် ဘာဖြစ်လို့ "
"အော် ရောက်ကတည်းက ပုဆိုးချည်း၀တ်တာကိုး အဲ့တော့ အသက်ကြီးတဲ့ပုံကြီးလေ "
ဟင် သူပြောမှပဲ ကိုယ်၀တ်ထားတဲ့ ဂျင်း နဲ့ တီရှပ် ကို ပြန်ကြည့်မိတယ် ။
"အော် ဒါကတော့ ဘောင်းဘီက လူကြီးတွေရှေ့ အမြဲတမ်းမကောင်းဘူးလေ မီးငယ်ကလည်း နောက်ပြီး ပုဆိုးက ပေါ့ပါးတယ်လေ""ဟုတ်ပါပြီ ဟုတ်ပါပြီ ဆံပင်ကရော"
"ဒုက္ခပါပဲ ဆံပင်ကရော ဘာဖြစ်လို့တုန်း"
"အရင်ကဆို သပ်သပ်ရပ်ရပ်ဖြီးတယ်လေ ရောက်ကာစကလွဲလို့ ခုရောက်ခါစကပုံပြန်ဖြစ်သွားပြီ "
"ကိုယ်ပြောပါပေါ့ လူကြီးတွေရှေ့ဆိုတာ သပ်သပ်ရပ်ရပ်နေရတယ်လို့ ။အခုက အကို၀တ်ထားတာကြည့်ဦး သပ်သပ်ရပ်ရပ်နဲ့ လိုက်လား ၊ ရှုပ်ရှုပ်ပွပွနဲ့ လိုက်လား "
"အခုဆံပင်နဲ့"
"ကဲ အဲဒါဆိုပြီးတာပဲ တက် ။ စကားတွေရှည်နေတာပဲ နေပူမိမယ်""နောက် မရှည်တော့ပါဘူးတဲ့ ဗျား..."
ဆိုင်ကယ်စက်နှိုးလိုက်သည်။
"ဟဲ့ဟဲ့ ကလေးတွေ ။ အမလေး ရော့ရော့ "
အဖွားလက်ထဲမှာ ဆိုင်ကယ်ဦးထုပ်နှစ်လုံးနှင့် အိမ်ထဲမှ ထွက်လာသည်။"ဟုတ်သား အဖွားရေ ကျွန်တော်မေ့နေတာ"
"အေးအေး ကောင်းကောင်း သွားကြ"
"လုပ်ပြီ မေကြီးတို့ကတော့ မဆောင်းချင်ပါဘူးဆို"
"မဆောင်းချင်လို့ မရဘူး ဒေါ်မီးငယ်
သိပ်မလှချင်နဲ့ ။ပေး ဒီကို "ဟာ ဒီလူကြီးက တစ်မျိုး ။ ဘယ်သူက မဆောင်းတတ်ဘူး ပြောလဲ။ ဇွတ်ကို ဆောင်းပေးနေတော့တာ ။ လက်ချောင်းရှည်ရှည်သွယ်သွယ်တို့က စိတ်ရှည်စွာ ကိုယ့်ဦးထုပ်ကြိုးကို တင်းပေးနေကြသည်။
YOU ARE READING
အချစ်လေးကနုနုငယ်ငယ်
Romanceရောင်စုံပန်းတွေကြားထဲ ရောက်နေတဲ့ လိပ်ပြာလေးကို ပန်းဝါဝါလေးက ပြန်လည်နားခိုလာမလားဆိုပြီး စောင့်မျှော်နေသလိုပေါ့ အကိုရယ်။