28

1.1K 65 5
                                    


ရုပ်ရှင် လတ်မှတ်ဖြတ်ရန် လူများ တန်းစီနေကြသည်။

"ကိုကို အတွဲခုံ ဖြတ်လိုက်မယ်နော် ကလေး"

ဟင် ကိုကို ကို့ကြည့်ရတာ သမာရိုးကျ အလုပ်တစ်ခုကို လုပ်နေသလိုမျိုး။ အေးလေ ကိုကိုဟာ နောက်ဆုံနှစ်ကျောင်းသား။ ကြားထဲကနှစ်တွေ
မှာ ရည်းစားနဲ့ ရုပ်ရှင်လာကြည့်ဖူးမှာပေါ့။အတွဲခုံတွေမှာ ထိုင်ဖူးမှာပေါ့လေ။

"ဟင့်အင်း ။ ကိုကိုရေ
အတွဲခုံ မယူနဲ့ နော်"

"ဘာလို့လဲ ကလေးရ"

"ဒီတိုင်းပဲ မကြိုက်ဘူး"

"ကဲ သဘောပါဗျာ"

ပေါက်ပေါက် ဗူး ၀ယ်ရမည်လေ။ ဒါက အစားအသောက်ကြိုက်တဲ့ ကလေးအတွက်  သူမေ့၍ မဖြစ်ပါလေ။

"ဟယ် ရဲ၀င်း၊ ရုပ်ရှင်လာကြည့်တာလား"

"ဟင် သိမ့်။ အော် ‌ချိုဝေ နင်တို့လည်း ရုပ်ရှင်လာကြည့်တာလား"

"အေး နင်တစ်ယောက်တည်းလား"

"ဟင့်အင်း ချိုဝေ ။  ငါ့ကောင်မလေး ပါတယ် ၊သူ toilet သွားလို့"

"ဟုတ်ပါပြီ  ဒါဆို ငါတော့ သွားမယ်နော်"

"အေးအေး ဟုတ်ပြီ"

***

မြသက်ငယ် တစ်ခါမျှ မရောက်ဖူးသော toilet ကျယ်ကြီး ထဲသို့ ၀င်လာခဲ့သည်။

အို့ မှန်အကြီးကြီးတွေ။

မှန်ရှေ့၌ အလှပြင်နေကြသော မိန်းမပျိုများရှိနေသည်။

toilet ကဆင်း၍ သူမက လက်ကို သေချာစွာ ဆေးကြောရင်း
မှန်ထဲက သူမကိုယ် သူမ ကြည့်လိုက်သည်။ မျက်နှာ၌အပြုံးပန်းဆင်ထားသော မိန်းကလေးကို တွေ့ရသည်။
သူမ အပြည့်အ၀ ပျော်နေရသည်ပဲ။

"ညီမလေး "

ဟင် ဟိုအမ။

"အော် အမ "

" ရဲ၀င်းနဲ့လာတာလား ညီမလေး"

"ဟုတ် "

"သူ အင်္ကျီလက်ရှည် ပါရဲ့လား နော်။
သူ့အကြောင်း အမသိတယ် ။  ရုပ်ရှင်ရုံထဲဆို သူက အေးတတ်တယ် ညီမလေးရဲ့"

"အော်ဟော် ဟုတ်လား။ သတိပေးတာ ကျေးဇူးတင်ပါတယ်နော် သွားလိုက်ပါဦးမယ် အမ"

အချစ်လေးကနုနုငယ်ငယ်Where stories live. Discover now