29

1.2K 75 2
                                    

welcome နေ့။

မမကေ၏ သူငယ်ချင်းမမ တစ်ယောက် အစစအရာရာ လိုက်ကူညီပေးသဖြင့် လှလှပပလေး ပုံပေါ်လာသော သူမကိုယ်သူမ မှန်ထဲ ပြန်ကြည့်မိသည်။

အံမယ် ဂါ၀န်ဖြူ ဝဲဝဲ ကြီးနှင့် ပုံပြင်ထဲက မင်းသမီးလေးလိုပါပဲလား။

"ကဲ မင်းသမီးလေး ကြွပါ ခင်ဗျာ"

ဟင် ဒီကိုကိုဟာလေ သူမ စိတ်ထဲ ၀င်ကြည့်နေသလားမှတ်ရတယ်။

"မနောက်ပါနဲ့ ကိုကိုရာ ။မီးငယ်မျက်နှာက မိတ်ကပ်နဲ့ အဆင်ပြေရဲ့လားဟင်"

"ပြေတာပေါ့။ မီးငယ်က queen ပဲ သေချာတယ်"

"ဗရမ်းဗတာတွေ ပြောပြီ ကိုကိုကတော့"

"တကယ်ပြောတာ။ မီးငယ်က ကိုကို့ရင်ထဲက queen လေးလေ "

"ဒီလိုစကားတွေနဲ့ ကောင်မလေးဘယ်နှစ်ယောက်များချုပ်ခဲ့လေပါသလဲ ။ ပြောတော် မူပါဦး ။ ဦးကိုကို"

ပြုံးရယ်နေသောကိုကို့ မျက်နှာမှာ အနည်းငယ် တည်သွားသည်။

ထို့နောက် စကားကို လေးနက်စွာ ဆို၏။

"ကိုကိုချစ်ခဲ့ဖူးတာ တစ်‌ယောက်တော့ရှိတယ်။
မီးငယ် သိချင်ရင် ကိုကို နောက်ကျ သေချာ ပြောပြပါမယ် ။ ခုတော့ ပွဲ စတော့မှာမို့ ကျောင်းကို သွားကြစို့နော်"

"ဟုတ်"

အပြုံးနှင့်အတူ ကမ်းပေးလာသော လက်သွယ်သွယ်ကို မြတ်နိုးစွာ ဆုပ်ကိုင်ခဲ့လိုက်ပါသည်။

*****

welcome ပွဲသည် အကအခုန် အဆိုအတီးများက အရင် ၊ သူမတို့ show လျှောက်ရမည်က နောက်မှ ဖြစ်သဖြင့် စင်၏ နောက်တစ်နေရာတွင် ထိုင်စောင့်နေရပါသည်။ မနက်ကတည်းက မိတ်ကပ်၊ ဆံပင် ပြင်နေရသဖြင့် ဘာမျှမစားရသေးသော ဗိုက်သည်ကား
တဂွီဂွီမည်ကာ ဆန္ဒပြလေပြီ။

ကိုကိုရေ ဘယ်မှာလဲ ဗိုက်ဆာလိုက်တာ။ ဖုန်းရော။ ဟာ ပါမလာဘူးပဲ။

ယနေ့အတွက် presenter လှလှ လေးက မသိမ့်ဝေလွင်။

သူမ ဂါ၀န်ကြီးမကာ ကိုကို့အား တွေ့လိုတွေ့ငြား အပြင်သို့ ထွက်လာခဲ့သည်။
စင်ရှေ့က လူအုပ်ထဲမှာတော့ရှိလောက်သည်။ သို့သော် ဤပုံစံနှင့် စင်ရှေ့သို့ တစ်ယောက်ထဲ မသွားရဲတာက ခက်ပါ၏။

အချစ်လေးကနုနုငယ်ငယ်Where stories live. Discover now