4

1.5K 79 2
                                    

အညာမင်္ဂလာဆောင်လေးဟာ ကူညီလုပ်ကိုင်သူများ၊လက်ဖွဲ့လာကြသော ရွာသူရွာသားများ‌ေကြာင့် မြူးတူးအသက်၀င်လျက်ရှိသည်။

အားရပါးရ ဒံပေါက်စားနေသော အမယ်အိုထံသို့ ကြက်သားများထပ်ထည့်ပေးလိုက်ရာ မိမိအား နှစ်ခြိုက်စွာ ပြုံးပြခေါင်းညိမ့်နေလေသည်။

ပေါက်စမလေးသည်လည်း စားပြီးပန်းကန်များကို ဆေးကြောရာနေရာသို့ ခေါက်တုံ့ခေါက်ပြန် သယ်ပေးကာ အလုပ်ရှုပ်နေသည်။

အဖြူရောင် သတို့သမီး၀တ်စုံနှင့် အင်မတန်မှ ကျက်သရေ ရှိနေသောမမကေကတော့ မိဘများကို ကန်တော့ရသောအချိန်တွင် မျက်ရည်ကျတော့သည်။ မိဘများဆုံးပြီးတည်းက ကျွန်တော့်ရှေ့တွင် အမြဲသန်မာချင်ယောင်ဆောင်ခဲ့ရတာလုံလောက်ပါပြီလေ။ ခင်ပွန်းကောင်း ကိုကျော်အောင်နဲ့အတူ တစ်သက်လုံး ချမ်းမြေ့ပျော်ရွှင်ရပါစေမမ‌ရေ။

             ဘုန်းကြီးကျောင်းသို့ပို့ရန် ကျန်နေသောပစ္စည်းအနည်းငယ်ကိုကိုင်ဆွဲ၍ ကိုကျော်အောင်နှင့်
ရဲ၀င်းထွဋ် တို့သည် ရွာလယ်လမ်းမကြီးအတိုင်းလျှောက်လာနေသည်။....လမ်းဘေးအိမ်မှ လှမ်းအော်လာသည်။

"မနက်ဖြန် ပြန်ကြမှာလားဖိုးကျော်ရေ"

"ဟုတ်တယ် ဦးကြီးရေ ၊ ကျွန်တော် မနက်ဖြန်၊သဘက်ခါလောက်ပြန်ဖြစ်မှာ"

သူတို့ဆက်လျှောက်လာခဲ့သည်။

"ကိုကျော်အောင်"

"အေးပြောလေ မောင်ရဲ"

"ကျွန်တော် ကိုကျော်အောင်သဘောတူရင် ဒီမှာပဲ နေခဲ့ပါရစေ ၊ကျောင်းဖွင့်မှ မန္တလေးကိုပြန်တော့မယ် ၊ရန်ကုန်ကိုနောက်တစ်ခေါက်မပြန်‌ချင်တော့လို့ပါ"

"ဟာ ပြောစရာမလိုပါဘူးကွာ ၊မင်းကြိုက်သလောက် နေလို့ရတယ် ၊ ငါ့ဒေါ်ကြီး(မိငယ်မေကြီး)နဲ့အမ(မိငယ်အမေ)ကလည်း သဘောကောင်းကြပါတယ် ၊ ဟုတ်ပြီလား ဘာမှစိတ်မပူနဲ့ မင်းစိတ်ကြိုက်သာလုပ်"

တော်ပါသေးတယ် နောက်တစ်ခေါက် highwayကို သွားစရာမလိုတော့ဘူး။ အဘွားနဲ့ဒေါ်ဒေါ်တို့ကလည်း ခုမှခင်ပေမဲ့ ကိုယ့်ကို ဂရုစိုက်ကြတာ ကျေးဇူးတင်စရာပဲ။
ကျောင်းမဖွင့်ခင် ကိုယ်တတ်နိုင်သမျှ
ကူညီနိုင်တာ ကူပေးရမယ်။

အချစ်လေးကနုနုငယ်ငယ်Where stories live. Discover now