5

1.3K 79 4
                                    

ဥပုသ်နေ့ဖြစ်၍ အဖွားသည် ဘုန်းကြီးကျောင်းသို့ သွားသည်။

ဒေါ်ဒေါ်ကြည်ကလည်း နွားကျောင်းရန်ဆိုပြီး မနက်စာ ထမင်းကြမ်း‌ေကြာ်ပေးပြီး ထွက်သွားလေသည်။

ကျွန်တော့်ရှေ့မှာက အိပ်ချင်မူးတူးဖြင့် စာကြည့်နေသော ပေါက်စမ။

"မီးငယ် နားမလည်ဘူးလား။ အဲ့အပုဒ်က သိပ်မရှုပ်ပါဘူး အကိုမနေ့ညကရှင်းထားတယ်လေ"

"သိပါတယ်ဗျ ဒီမှာ ဗိုက်ဆာနေလို့ "

"ဟောဗျာ ခုနကမှ ထမင်းကြော်တွေရောအကြော်တွေရော စားပြီးတာကို"

"ဟင် ကြာပါပြီဗျာ ခင်ဗျားကလည်း
စာတောင်နှစ်ပုဒ် တွက်ပြီးတာကို"

"အမ်း အမ်းအမ်း ဟုတ်ပါပြီ ဘာစားချင်လည်း မုန့်၀ယ်ကျွေးမယ်"

"မရီနဲ့နော် ဦးရဲ၀န်းထွဋ် တကယ်ဆာနေတာ မုန့်မစားချင်ဘူး၊လက္ဘက်သုပ်စားရအောင် ... နော်"

စာမလုပ်ချင်တိုင်း ညဏ်များနေတဲ့ ကလေးမ ။
ဒီလိုနှင့် နှစ်ယောက်သား မီးဖိုချောင်သို့ ရောက်သွားရသည်။

"ဦးရဲ၀န်းထွဋ်  ကြက်သွန်ဖြူ ခွာလို့ပြီးပြီလား ၊ ကျွန်တော်တောင် ခရမ်းချဉ်သီးလှီးလို့ပြီးနေပြီ"

"ချာတိတ် ကိုယ့်ကို နာမည်အပြည့်အစုံခေါ်နေရတာ မမောဘူးလား ဟမ်၊ ပြီးတော့ မှန်လဲမမှန်ပဲနဲ့"

"ဟင် ဘာမှားလို့လဲ"

"ကိုယ့်နာမည်က ရဲ၀င်းထွဋ်လေ ၊
အဲ့တာကို မီးငယ်က ရဲ၀န်းထွဋ်လို့ခေါ်နေတာလေ"

"ဟင် တူတူပဲလေ ဘာတွေပြောနေတာလဲ၊
ရဲ၀န်းထွဋ် မှန်သားပဲ"

"မဟုတ်ဘူး ရဲ၀င်း ၊ ငသတ်နဲ့ ၀င်းတာလေ"

"အော် သိပြီ ၊ ရဲ၀င်းထွတ်"

"လွဲပြန်ပြီ မီးငယ်ကတော့ ဟားဟား"

"ဟာ ခင်ဗျားနာမည်ကိုကရှုပ်တာ မသိတော့ဘူးဗျာ"

"အင်းအင်း ထားပါတော့ ကိုယ့်နာမည်ကရှုပ်တာ ၊ ရှုပ်ရင် အပြည့်အစုံမခေါ်နဲ့လေ ၊ အကိုခေါ်မလား ကိုရဲခေါ်မလား မီးငယ် ကြိုက်တာခေါ်"

အချစ်လေးကနုနုငယ်ငယ်Where stories live. Discover now