3

2.1K 90 3
                                    

×××‌နေပူထဲလည်း နေရဲပါတယ်×××ခယောင်းလမ်းကိုလည်းဖြတ်ရဲပါတယ်×××အသာစံရင်လည်းအတူ ×××အနာခံရင်လည်းအတူ×××အေးအတူပူအမျှ ×××အတူတကွနေပြပါမယ်×××.........

ဒေါ်တင်လှတို့ ခြံဝိုင်းထဲမှ ထွက်ပေါ်လာသော မင်္ဂလာသီချင်းအသံ။

မိန်းမအချို့က  ကြက်သွန်လှီးနေကြသည်။ အချို့က ငှက်ပြောဖီးများကို လင်ဗန်းများထဲ စီကာထည့်ကြသည်။

ယောကျာ်းကြီးများက မန်းကျည်းပင်ကြီးအောက်ရှိ ကွပ်ပျစ်ပေါ်တွင် ရေနွေးကြမ်း ထိုင်သောက်နေကြလျှက်ရှိသည်။

လူငယ်များကမူ ဝါး၊စတီးချောင်းတို့ကို အသုံးပြုကာ တိုင်စိုက်၊ မင်္ဂလာမဏ္ဍတ်ဆောက်နေကြသည်။

"ကိုကျော် မနက်ဖြန်မှ မင်္ဂလာဆောင်မှာကို ဒီနေ့ထဲက ကူလုပ်ကြတယ်နော် ၀မ်းသာစရာပဲ"

"ဟုတ်တယ် ကိုတို့ရွာက အဲလိုပဲ လူမှုရေးသိပ်ကျေကြတာ ၊ သူတို့အိမ်တွေမှာပွဲလုပ်လည်း မေကြည်က သွားကူခဲ့တာပဲလေ၊ တစ်ချို့ကတော့ အမျိုးတွေပေါ့၊ မနေ့ညနေက မိငယ်နဲ့ ရွာထဲသွားတော့ နှုတ်ဆက်ကြတယ်မလား ကေ့ကို"

"အင်း ဆက်ကြတယ် ကေ့ကို လှတယ်လို့လဲ ပြောကြတယ် ဟီး၊ ကိုကျော် ကေ့ကိုပိုင်ဆိုင်ရတာ မကောင်းဘူးလား"

"ကောင်းပဗျာ ကို့ ကေလေးက ကမ္ဘာပေါ်မှာ အလှဆုံးလေးလေ ၊လာခဲ့ ရင်ခွင်ထဲကို "

"အို့ အပြင်ဘက်မှာ လူတွေအများကြီး ၊သွား သွား ဘာကူရမလဲသွားကူချည်"

"ကေတစ်ယောက်တည်း ဖြစ်နေမှာစိုးလို့လေ "

"ကေလည်း သနပ်ခါးလူးပြီး ထွက်လာခဲ့မယ်၊မောင်ရဲကိုပါ  ကူလုပ်ဖို့ ခေါ်သွား ၊အပေါ်ထပ်မှာပဲ ထင်တယ်"

ဟီးဟီး လေးကျော်တို့လင်မယားကလည်း ချစ်နေလိုက်ကြတာ ၊ အိမ်ပေါ်က ငှက်ပြောဖီးတွေထပ်ချခိုင်းလိုက်လို့ ဖြတ်သွားရင်းကြားတာပါ ခိုးနားမထောင်ရပါဘူး ခိခိ။

"အမေ့ဗု‌ဒ္ဓေါကြီးကြွ!"

အဲ ။  ဒီလူ လူတစ်ယောက်လုံးကြီးကို မမြင်ဘူးလားမသိဘူး။သူ့ ရင်ဘတ်ကြီးကိုခေါင်းနဲ့တိုက်ပြီးလှေကားကနေပြုတ်ကြတော့မလို့လေ ။

အချစ်လေးကနုနုငယ်ငယ်Where stories live. Discover now