18

1.1K 80 2
                                    

သူ သိမ့်ဝေလွင်၏ အိမ်ရှေ့ လမ်းထိပ်မှာ ဆိုင်ကယ် ရပ်လိုက်သည်။

"ငါ့မှာ ချစ်သူရှိနေပြီ "

"ဟင် လာမနောက်ပါနဲ့ကိုရယ်"

"ငါ့ပုံစံက ဘယ်နားနောက်နေလို့လဲ"

သူ စိတ်မရှည်စွာ ဆံပင်ရှည်တို့ကို သပ်တင်လိုက်သည်။

"နင့်ကို ငါစောင့်ကြည့်နေတာကြာပြီ။ ဘယ်ကောင်မလေးမှ နင့်အနားမတွေ့ဘူး။ ငါ့ကိုမမေ့သေးလို့မလားဟင်"

ဟ။ အချစ်ဆိုတာ ရင်ထဲမှာရှိတာဟ။ ဒါတွေ နင်ဘယ်သိပါ့မလဲ။

"ရော် ခက်ပါလား။ နောက်နှစ်ကျောင်းဖွင့်ရင် နင်တွေ့ပါလိမ့်မယ်။
သေချာတာက ငါနင့်ကို မေ့တာ ကြာနေပြီ"

"ဟုတ်ပါတယ် ကို။ ကြားထဲမှာ ဝေးကွာသွားတာ ကြာမှန်းသိပါတယ်။
ဒါပေမဲ့ မယုံနိုင်သေးဘူး"

သူ ဆက်မရှင်းချင်တော့ ။ အသေချာရှင်းပြီးတဲ့နောက် ကိုယ့်တာဝန် ကုန်ပြီမလား။

       *******

အချစ်သည် ပူလောင်ပါ၏လော။

အချစ်သည် မပူလောင်။ သ၀န်တိုခြင်းသည်သာ ပူလောင်သည် ထင်ပါတယ်လေ။ သ၀န်လည်း တိုခွင့်မှမရှိပဲ။
ထိုမိန်းကလေးက အကို့ ချစ်သူတွေ ဘာတွေများလား။
အို ရှုပ်တယ် ။ ခင်ဗျား ရှိတဲ့ဆီ မလာချင်တော့သလို ခင်ဗျားကိုလည်း မုန်းတယ်။ တကယ်ဆို ကျောင်းပိတ်တဲ့အချိန် လာလည်ပါမယ်ဆို။ ခင်ဗျား မလာဘူး။ ဖုန်းလည်းမဆက်ဘူး။ တော်ပြီ ခင်ဗျားဆီလည်း ကျွန်တော်မလာဘူး။ ခင်ဗျားဆီက ယုယကြင်နာမှုတွေ မရှ်ိလည်း ကျွန်တော် သေမသွားပါဘူး။

ငုဝါပင်တွေအောက်ရောက်တိုင်း အကို့ကိုလွမ်းတာ ၊
ညည သီချင်းနားထောင်တိုင်း သတိရ
ရတာ ၊
အကိုထိုင်သွားတဲ့ စာကြည့်စားပွဲရဲ့ ဟိုဘက်က နေရာ၊
အကိုကြိုက်တတ်တဲ့ မြေပဲလှော် ။

အို သတိမရချင်တော့ဘူး။ တော်ပြီ တမ်းတ မနေနဲ့တော့။ မြသက်ငယ်။

*****

"ဟယ်လို မီးငယ်"

"ဟင် ဦးရဲ ။ ဖုန်းနံပါတ် ဘယ်လိုသိ"

"မမကေဆီက သိသဗျာ"

"ဖုန်းရှိတာတောင် အကို့ဆီ မဆက်ဘူး"

အော်။ ဆက်တာကို ခင်ဗျားမှ မသိပဲ။

"‌အကို "

"ဟင် "

"ဘာမှမဟုတ်တော့ပါဘူး ။ ဈေး၀ယ်သူ ရောက်လာလို့ ဖုန်းချလိုက်ပြီနော်"

ဘာမှန်းမသိ တနုံ့နုံ့ဖြင့် ခံစားနေရသော အမည်မသိ ဝေဒနာကြောင့် ဖုန်းမပြောချင်ပါ။
တစ်ဖက်သတ် စိတ်ပူနေရတာထက် ဖွင့်မေးလိုက်လို့ ရရဲ့သားနဲ့ အဲလို မလုပ်နိုင်တဲ့ ကိုယ့်စိတ်ကိုယ်လည်း မုန်းတယ် အကိုရာ။

*****
တက္ကသိုလ်များ ဖွင့်တော့မည်။

မမကေက  အလုပ်ကိစ္စနှင့် မန္တလေးရောက်နေသောကြောင့် သူမ အဆင်ပြေသွားသည်။ အဆောင်ကိစ္စ ၊ ကျောင်းအပ်ကိစ္စ များ မမကေက လိုက်ဆောင်ရွက်ပေးပါလေ၏။

" ကဲ မိငယ်ရေ မမကေတို့ တစ်ခုခုစားရအောင် ။ ပြီးရင် မောင်ရဲကို လှမ်းခေါ်လိုက်မယ်"

" ‌‌မိငယ် အဆောင်မှာနားနေခဲ့တော့မယ် မမကေ "

"ဟယ် ဘာလို့တုန်း "

"သိပ်နေလို့မကောင်းလို့ပါ  "

"အေးပါအေးပါ ။ ပြီးမှ မောင်ရဲကို ဆေးနဲ့မုန့်တွေပို့ခိုင်းလိုက်မယ် "

"ဟင့်အင်း ‌ရပါတယ် မမရဲ့။ အဲလောက်ကြီးမဟုတ်ပါဘူး မပို့ခိုင်းနဲ့နော် "

"အေးပါကွယ် ။ ဒါဆိုလည်း နားတော့"

မမကေ၏ ပြောပြချက်တွေအရတော့
အကိုဟာ ကျောင်းပိတ်ရက်တွေမှာ ရန်ကုန်ကို ပြန်မလာဘူးတဲ့။ မန္တလေးမှာရှိနေတဲ့ အတူတူ မြင်းခြံဘက်ကိုတောင် ဆင်းမလာနိုင်ဘူးနော်။ မန္တလေးသူ တစ်ယောက်ယောက်နဲ့ ညိနေတာနေမှာပေါ့လေ။

သူလာကြိုမယ် ပြောတဲ့နေ့ ထက် တစ်ရက်စော၍ မန္တလေးလာခဲ့သည်။

အဲ့တော့ မမြင်ချင်ရတဲ့ မျက်နှာကို ခင်ဗျား မမြင်စေရပါဘူး အကို။

အချစ်လေးကနုနုငယ်ငယ်Where stories live. Discover now