19

1.1K 79 8
                                    

ရဲ၀င်းထွဋ်တစ်ယောက် လေတစ်ချွန်ချွန်ဖြင့် အပျော်ကြီး ပျော်နေပါသည်။
ချစ်ရသူလေးက ကိုယ့်အနီးနား အမြဲရှိနေတော့မှာ ကို မပျော်တဲ့ လူသား ရှိမယ် မထင်ဘူးလေ။

ဆိုင်ကယ်လေးကို အသာစီးလျှက် မမကေ ပြောပြထားသော မီးငယ် အဆောင်ရှိရာ မောင်းလာခဲ့ပါသည်။
ဒီကောင်မလေးဟာ လာမယ့်နေ့ လာကြိုပါမယ် ဆိုထားတာကို ဘယ်လိုက ဘယ်လို ကြိုရောက်နေရယ် မသိ။
သိသိချင်း လာမယ်ဟု ဖုန်းဆက်တော့လည်း ပင်ပန်းလို့ နားပါရစေတဲ့ ။
ကဲ ဒီတော့ ကျောင်းသွားမယ့် နေ့ရောက်မှပဲ ၀င်ခေါ်ရတော့တယ်။ အကိုကတော့ မင်းလေးကို တွေ့ချင်လှပြီ ကလေးရဲ့ ။

ဟင် ကျောင်းတောင် ရောက်နေပြီတဲ့လား။ ဒီကောင်မလေး ဝီရိယ ကောင်းလှချည်လား။

ပထမ နှစ် compound တန်းများရှိရာ ယောင်လည်လည် ရောက်လာရတဲ့ ကိုယ့်ကိုကိုယ်လည်း ရီချင်မိသား။ ဒီနှစ်ဆို နောက်ဆုံးနှစ်တောင်ရောက်ပြီလေ။
အိုကြီးအိုမ စာရင်း၀င် စစ်စစ်ကြီးပေါ့။ ချစ်ရသူက ခုမှ ပထမနှစ် ကလေးလေး

ဟော ထွက်လာနေပါပြီ။ ချစ်ရတဲ့ ကလေးလေး။ အို ။ဆံပင်တွေက ကျောထက်နားမှာ ဝဲလို့။ အဖြူအပြာ ယူနီဖောင်းကလည်း အသားရောင် ၀င်းဝါဝါလေးနဲ့ လိုက်ဖက်လို့။ လှလာလိုက်တာ အကို့ညီမလေးက။

"အကို့ကို မကြည့်တော့ဘူးလား။ခေါင်းမော့ပါဦး"

"ဟုတ်"

"နေမကောင်းတာက သက်သာလား။ မနေ့က အကို အဆောင်ရှေ့ရောက်လာသေးတယ် "

" ဘာလို့ခေါင်းကြီးပဲငုံ့..."

ဟင် မျက်ရည်တွေ။

"ဟင် ဘာလို့ ငိုနေတာလဲ ။ညီမလေးကို ဘယ်သူက အနိုင်ကျင့်တာလဲ အကို့ကိုပြော"

"ဟင့်အင်း ဘာလို့မှမဟုတ်ဘူး ။ ပြောစရာမရှိတော့ရင် မီးငယ် သွားတော့မယ်"

ဒီမျက်ရည်တွေ ဆိုတာဟာလည်း အလိုလိုနေရင်းကို ကျနေတော့တာပဲ။ ဒုက္ခပါပဲ။ အကို့မျက်လုံးထဲမှာ ငါဟာ ခပ်ပျော့ပျော့ ကလေးမလေး တစ်ယောက် ဖြစ်သွားပေမပေါ့။

******

သူ တစ်နေကုန် စာသင်ရာ၌ စိတ်အာရုံ မ၀င်စားနိုင်ပါ။ မျက်ရည်တို့နှင့် မျက်၀န်းငယ်တို့ကိုသာ ထပ်တလဲလဲ မြင်ယောင်နေမိပါ၏။
ဆရာမ အတန်းဆင်းပေးလျှင် ပေးခြင်း
လျှင်မြန်စွာဖြင့် compoundတန်းများရှိရာ ထွက်လာခဲ့သည်။
  ဟော သူတို့လည်း အတန်းဆင်းပြီ။

"မီးငယ်။ လာ အကိုလိုက်ပို့မယ်"

"ဟင့်အင်း ။ ရတယ် ဦးရဲ။ မီးငယ် အဆောင်က သူငယ်ချင်းနဲ့လာတာ သူနဲ့ပဲ ပြန်မယ်"

သူ ရင်၌ မကောင်းစွာပင် ရပ်ကျန်နေခဲ့ပါသည်။ သူ တစ်ခုတော့ သိလိုက်ပါပြီ။
ဒီကောင်မလေး သူ့ကို စိတ်ဆိုးနေသည်လား ။ တစ်ခုခုတော့ ဖြစ်နေပြီ။

ညနေ ရေမိုးချိုး၍ ကလေး၏ အဆောင်ရှိရာဘက် သို့ သူ ထွက်လာခဲ့ပြန်ပါ၏။ ကောက်တော်မူလေသော ချစ်ညီမလေးကို သူကြိုက်တတ်သော ရေခဲ့မုန့် မျိုးစုံနှင့် ချော့ရန် ဖြစ်ပါလေ၏။

အချစ်လေးကနုနုငယ်ငယ်Where stories live. Discover now