3K 217 112
                                    

Unicode



AD 998 , ဂူလျိုပြည်။







"ဒါကအန္တရာယ်များတယ်မဟုတ်လား သခင်လေးရှင်းဝူ ။ အမတ်ကြီးသာသိရင် ကျွန်တော်ပါဒုက္ခရောက်လိမ့်မယ်"


"ငါတောင်းဆိုတာပါ ဆောင်းဟွန်း ကျန်တဲ့ကိစ္စတွေကို ငါ့လူတွေချည်းလုပ်ခိုင်းမှာပါ မင်းက ဒီတိုင်းလေး မင်းသမီးရဲ့အဆောင်ထဲဝင်ပြီး ခေါ်လာပေးရုံပဲ"


သူပြောတော့သာ လွယ်သည်။

ဘယ့်နှယ် နန်းတော်ထဲခိုးဝင်ပြီး ဘုရင့်သမီးတော်ကိုသွားခေါ်ဖို့ဆိုတာ။

အဲ့တာကလည်း တခြားရက်မဟုတ်။

မင်းသမီးရဲ့တော်ဝင်မင်္ဂလာပွဲနေ့ကြီးမှာ။





"ဆောင်းဟွန်း ငါတကယ်နောက်ဆုံးအကြိမ်အနေနဲ့ အကူအညီတောင်းတာပါ။ မအောင်မြင်ခဲ့ရင်တောင် မင်းအပြစ်မပါစေရဘူး ငါသူ့ကိုအရမ်းချစ်လို့ နောက်ဆုံးအခွင့်အရေးအနေနဲ့ ကြိုးစားကြည့်ချင်လို့ ကူညီပေးပါကွာ"


သူ့ရဲ့လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ်အုပ်ကိုင်ပြီး အနူးအညွတ်တောင်းဆိုနေတဲ့ မင်ရှင်းဝူဆိုတဲ့ သခင်လေးကိုကြည့်ရင်း ဆောင်းဟွန်းတစ်ယောက် ဘာဆက်ပြောရမယ်မှန်းမသိတော့။

အမတ်ကြီးမင်တို့ မိသားစုက နန်းတွင်းနန်းပြင်မှာပါ ဩဇာကြီးမားတဲ့အပြင် ဆောင်းဟွန်းအတွက်လည်း ကျေးဇူးရှိသူတွေ။

အမတ်ကြီးရဲ့သား သခင်လေးက သူ့ကိုဒီလိုမျိုး အနူးအညွတ်တောင်းဆိုလာတော့ သူ့မှာ ငြင်းရဖို့လည်းအခက်သား။


တော်ဝင်မျိုးနွယ် မူးမတ်မျိုးနွယ်မဟုတ်သည့် သာမန်ပြည်သူတွေအတွက် စားဝတ်နေရေးခက်ခဲလှတဲ့ ဒီတိုင်းပြည်မှာ ဆောင်းဟွန်းတစ်ယောက် တပည့်လူသူစုပြီး ကုန်သွယ်ရေးလုပ်နိုင်အောင် အဓိကကူညီစောင့်ရှောက်ပေးနေသူက အမတ်ကြီးမင်။

အမတ်မင်ရဲ့တစ်ဦးတည်းသောသား သခင်လေးရှင်းဝူဟာ ဆောင်းဟွန်းနဲ့ယှဉ်ရင် အသက်အရွယ်အားဖြင့်ရော ခန္ဓာကိုယ်ခွန်အားရော အားနည်းသည်ဆိုတာက ဘယ်သူမဆိုမြင်လိုက်ရုံနဲ့ခန့်မှန်းနိုင်လောက်သည်။

DELICATE|SUNGJAKEDonde viven las historias. Descúbrelo ahora