1K 205 105
                                    

Unicode

ဆောင်းဟွန်းတစ်ယောက် သူ့ရဲ့အိမ်ခန်းလေးရှေ့မှာ စောင့်ရင်း ထိုင်ရမလိုလို ထရမလိုလို ။

ခိုးထုတ်လာခဲ့တဲ့ မင်းသမီးကို အထုပ်ထဲကနေထုတ်ပြီးပေမဲ့ သတိပြန်မလည်သေးတာမို့ သူ့အခန်းထဲက ကုတင်ပေါ်မှာပဲ ထားထားရသည် ။

ကုန်အဖွဲ့နဲ့အတူ နေနေတာမို့ သူ့အတွက်သီးသန့်အိပ်ဆောင်လိုမျိုး သီးသန့်အိမ်ခန်းလေးတစ်ခုက ဝန်းခြံရဲ့နောက်ဘက်ခပ်ရောက်ရောက် ထောင့်ကုန်ဂိုဒေါင်အဟောင်းတွေနားမှာရှိနေလို့သာတော်တော့သည် ။

အခုဒီကိစ္စက သခင်လေးရှင်းဝူနဲ့သူနဲ့ နှစ်ယောက်သားကြံစည်တဲ့ကိစ္စမို့ ကျန်တဲ့လက်အောက်ငယ်သားတွေကအစ ဘယ်သူ့ကိုမှ ပေးအသိခံလို့မဖြစ် ။

မတော်တဆမှားယွင်းသွားခဲ့ပြီး တစ်ခုခုပေါက်ကြားသွားခဲ့ရင် သူကိုယ်တိုင်ရော သခင်လေးပါ အန္တရာယ်ရှိနိုင်တာမို့ တတ်နိုင်သမျှ သိသိသိပ်သိပ်လုပ်နေရသည် ။

ညနေ နေအတော်စောင်းနေပြီဖြစ်ပေမဲ့ အခုထိ သခင်လေးရှင်းဝူက အရိပ်တောင်ပေါ်မလာသေး ။

အထဲမှာလည်း မင်းသမီးရှိနေတာမို့ လက်လွတ်စပယ် ဝင်သွားလို့လဲမဖြစ်သလို ဒီတိုင်းထားထားပြီးထွက်သွားလို့လည်း မရတာမို့ အိမ်ဆောင်ရှေ့ကနေ တစ်ဖဝါးမှမခွာနိုင်ပဲ တစ်နေကုန် မိုးတိုးမတ်တပ်နဲ့ယောင်လည်လည်ဖြစ်ပြီး၊
အမူအရာပျက်နေတဲ့ဆောင်းဟွန်းကို လက်အောက်ငယ်သားတွေက သတိမထားမိစေဖို့ပဲဆုတောင်းရမည် ။



"တကယ်ပါပဲ ဒီတိုင်းဆိုနောက်ကျတော့မယ်မလား"

ဟန်နိုင်ငံကိုဒီညထွက်မဲ့လှေကို မှီဖို့ဆို သခင်လေးရှင်းဝူက ဒီအချိန်ဆိုပေါ်လာသင့်နေပြီ ။

ဘယ်လိုမှမနေနိုင်တဲ့အဆုံး အိပ်ဆောင်တံခါးကို အသေအချာသော့ခတ်ထားခဲ့လိုက်ပြီးတဲ့နောက်
အမတ်ကြီးတို့အိမ်တော်ဘက်ကိုထွက်ခဲ့သည် ။

ဝင်ထွက်နေကြသူဖြစ်ပေမဲ့ အမတ်ကြီးသိသွားရင် အမေးအမြန်းအရှုပ်အရှင်းတွေဖြစ်ဦးမှာဆိုးတဲ့အတွက် နောက်တံခါးကနေသာ တိတ်တဆိတ်ဝင်ခဲ့ရင်း သခင်လေးရှင်းဝူရဲ့ အိပ်ဆောင်ရှိရာကိုဦးတည်မိသည် ။

DELICATE|SUNGJAKEOnde histórias criam vida. Descubra agora