1.1K 185 103
                                    

Unicode

(အပိုင်း ၄ကို မနေ့ညက ညသုံးနာရီလောက်ကြီး တင်လိုက်မိတာမို့ မမြင်လိုက်တဲ့သူတွေ
အပေါ်မှာ တစ်ပိုင်းရှိပါသေးတယ်လို့နော် !
တော်ကြာ ဒီ အပိုင်း၅ ကို တမ်းရောက်ပြီး ကျော်ဖတ်နေမိမှာဆိုးလို့ပါ)


🥀



"ဟွန်း- ဟွန်းမှာရော မိသားစုရှိလား"

နေကောင်းကောင်းမကောင်းသေးတာကို အတင်းအပြင်ထွက်လာပြီး ပြန်ဝင်ဖို့ပြောလည်းမရတဲ့ ဂျစ်ကန်ကန်ကောင်ဆိုးလေးကို ဘာမှမပြောနိုင်ပဲ ဒီတိုင်းလွှတ်ထားမိတော့
အတန်ကြာတဲ့ထိ တိတ်ဆိတ်နေတဲ့လေထုကို ဖြိုခွဲလျက် ဆိုလာတဲ့ ကလေးငယ်ရဲ့စကား ။

ကိုယ်ကသူ့ထက် အသက်အများကြီးကြီးတာဆိုပေမဲ့လည်း မျိုးရိုးချင်းကွာခြားတာမို့ မင်းသားငယ်က သူ့ကိုရိုရိုသေသေမပြောရင်တောင်ကိစ္စမရှိ ။
ဒါပေမဲ့ အဲ့လိုဆိုပြီး မရိုမသေနာမည်ကိုခေါ်တာမျိုးလည်းမဟုတ်ပဲ "ဟွန်း"ဆိုပြီး နာမည်တစ်လုံးတည်းကို အဖျားစွပ်ပြီး ခေါ်လာတဲ့ကလေးရဲ့စကားအဆုံးမှာ ဝဲဘက်ရင်အုံက တသိမ့်သိမ့်တုန်ရသည် ။


"မဖြေချင်လို့လားဟင် ကျွန်တော်မိသားစုအကြောင်းမေးမိလို့"

ဘာမှမတုံ့ပြန်တဲ့ သူ့ဘက်လှည့်ရင်း မျက်လွှာလေးတွေချသွားတဲ့ ဖြစ်တည်မှူလှလှလေးဟာ လူသားစင်စစ်ဖြစ်ပါတယ်ဆိုတာကို တခါတလေကျ ယုံရခက်သား ။

"ကျွန်တော် စည်းကျော်သွားတာလားဟင်
အဲ့တာဆိုလည်းတောင်းပန်ပါတယ် စိတ်အနှောင့်အယှက်ပေးမိပြီ"

ဆောင်းဟွန်းဆီက ဘာမှမထွက်လာမချင်း တတွတ်တွတ်ရွတ်နေတဲ့ ဂွမ်းစောင်ပုံအောက်ကခွေးပေါက်လေးဟာ သိပ်ကိုချစ်ဖို့ကောင်းလွန်းနေတာအမှန် ။


"ဟုတ်တယ် သူများမဖြေချင်တဲ့အကြောင်းတွေကို မင်းမမေးသင့်ဘူး"

ခပ်ပြတ်ပြတ်ဆိုလိုက်တဲ့ သူ့စကားအစမှာ မော့ကြည့်လာတဲ့မျက်နှာငယ်ဟာ စကားအဆုံးမှာ တဖြည်းဖြည်း မဲ့သွားသယောင် ။

အဲ့ဒီနောက် ရုတ်ချည်း ထရပ်လိုက်တဲ့ကောင်လေးရဲ့ကိုယ်ပေါ်မှာခြုံထားတဲ့ ဂွမ်းစောင်ထူဟာ ဆောင်းဟွန်းရဲ့နှာနုရိုးတည့်တည့်ဆီကို လာရိုက်ခတ်သည် ။

DELICATE|SUNGJAKEWhere stories live. Discover now