၁၀

659 89 34
                                    

(Double Update
2ပိုင်းပါ အပေါ်မှာတစ်ပိုင်းရှိပါသေးတယ်
ကျော်လာမှာဆိုးလို့ပါ)

ခြောက်ခြောက်သွေ့သွေ့ ဖြတ်သန်းရတဲ့ နေ့စဉ်ကို ကြိတ်မှိတ်ဖြတ်သန်းခြင်းအမှုမှာ ဆောင်းဟွန်းတစ်ယောက် နေသားကျလာတာကို မရှုစိမ့်တဲ့ဖန်ဆင်းရှင်ဟာ ရက်စက်မှုကို ဖန်တီးလေသလား
ဒါမှမဟုတ် ဒါကပဲ ကံကောင်းခြင်းတစ်ခုအဖြစ်ပြောင်းလဲသွားနိုင်လေမလား ။

ဘယ်သူမှမသိနိုင် ။

အရာအားလုံးဟာ ကာယကံရှင်တွေအပေါ်မူတည်နေတာ ဖြစ်နိုင်သလို ကံတရားပေါ်လည်း လုံးလုံးလျားလျား မူတည်နေတာဖြစ်နိုင်ပြန်သည် ။







" ငါလည်း အရှင်မင်းကြီးကို နားမလည်နိုင်တော့ဘူး
ဘာလို့ မင်းသားယွန်းကို အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ပေးဖို့လုပ်နေရသလဲဆိုတာ "

စိတ်ရှုပ်ထွေးဟန်နဲ့ဆိုတဲ့ သခင်လေးမင်ရှင်းဝူရဲ့ စကားအဆုံး ရပ်တံ့သွားတဲ့ထဲမှာ ဆောင်းဟွန်းရဲ့ အရာရာပါ ပါဝင်နေခဲ့သည် ။

နှလုံးသားအစုံဟာ နာကျင်ရလွန်းလို့ ထုံကျင်နေပြီလို့ထင်ထားခဲ့ပေမဲ့
တပါးသူလက်ထဲ သိမ်းပိုက်ခံရတော့မယ်လို့ဆိုတဲ့ တစ်ချိန်က သူ့ရင်ခွင်မှာခိုနားဖူးတဲ့ မြတ်နိုးရတဲ့ပုံရိပ်ငယ်က မျက်လွှာအာရုံမှာထင်ဟပ်လာတော့ နာကျင်မှုရဲ့တန်ဆာ အရည်အချို့ဟာ ခမ်းခြောက်တဲ့မျက်ဝန်းအစုံဆီမှာ အိုင်ရမဲ့အစား နှလုံးသားဆီ အနီရောင်ပြောင်းကာ သွေးစိမ်းရှင်ရှင်ကျရသည် ။

တစ်သက်မှာတစ်ခါ တစ်ခါမှာတစ်သံသရာစာ ကြင်နာရသူ အေးချမ်းဖို့ ရည်ရွယ်တောင်းဆုထားခဲ့ပေမဲ့
ကြားရတဲ့သတင်းတွေရဲ့အလယ်မှာ ဆောင်းဟွန်းယုယဖူးတဲ့ပန်းကလေးဟာ မလန်းနိုင်တော့မှာကို အလိုလိုသိလေတော့ ဘယ်ဘတ်ရင်အုံဆီက အဆရာထောင်တိုးကာ နာကျင်ရပြန်သည် ။

တကယ်ဆို သူမျှော်လင့်ခဲ့တာ တစ်ခုတည်းသာ ။

ဂျယ်ယွန်းသာ ပျော်ရွှင်နေမယ်ဆို
ဂျယ်ယွန်းသာ အဆင်ပြေနေမယ်ဆို
ဂျယ်ယွန်းငယ်သာ အေးချမ်းနေမယ်ဆို

အရာရာပြည့်စုံလောက်ပြီလို့ဆိုခဲ့သည့်တိုင် ။

ဆောင်းဟွန်းရဲ့ ဆန္ဒတွေကို မဖြည့်ဆည်းပေးလိုတဲ့ ဖန်ဆင်းရှင်ရဲ့ရက်စက်မှုတွေကို နာနာကြည်းကြည်းနဲ့ ကိုယ်တိုင် အန်တုဖို့ ခွန်အားအချို့ပေါ်ပေါက်လာမိမှာလေများလား ။


















DELICATE|SUNGJAKEWhere stories live. Discover now