1.1K 192 181
                                    

Unicode

လေတဖြူးဖြူးတိုက်ခတ်ပြီးကြည်လင်နေတဲ့ကောင်းကင်ပြာရယ်၊ မြက်ခင်းစိမ်းပေါ် ညင်ညင်သာသာကျရောက်နေတဲ့ နေခြည်နုနုရယ်ဟာ သာယာတဲ့မနက်ခင်းဆိုတာကို လက်တွဲဖော်ဆောင်သည် ။

ငြိမ့်ငြိမ့်ညောင်းညောင်း တိုက်ခတ်နေတဲ့ နံနက်ခင်လေပြည်က ကြည်လင်လန်းဆန်းနေသလောက် မကြည်လင်နိုင်တဲ့စိတ်အစဉ်နဲ့ ဆောင်းဟွန်းရဲ့ ခေါင်းထဲမှာတော့ အထပ်ထပ်ရှုပ်ထွေးစွာ ။

သူတို့ကုန်လှောင်ရာ နေရာရဲ့ အနောက်ဘက်ခပ်လှမ်းလှမ်းမှာရှိတဲ့ တောအစပ်နား ဒီကုန်းမြင့်လေးဟာ လူသူအရောက်အပေါက်နည်းတဲ့နေရာ ။

ဒီနေရာမှာ ခြေပစ်လက်ပစ်ထိုင်နေတဲ့ ဆောင်းဟွန်းရဲ့ပုံစံဟာ အစွမ်းကုန်သာယာနေတဲ့ မနက်ခင်းနဲ့ မလိုက်ဖက်လွန်းစွာ ။ ပူဆွေးမှု ရှုပ်ထွေးမှု အပြည့် ။




တကယ်တော့ မနက်ကနိုးလာလာချင်း ဝင်လာတဲ့သတိဟာ ဆောင်းဟွန်းရဲ့ စိတ်အစဉ်ကို ဝရုန်းသုန်းကားပြိုလဲစေသည် ။

တကယ်ပဲ သူဘာတွေလုပ်ခဲ့မိတာလဲ ။


တကယ့်ကို စိတ်လွတ်သွားခဲ့မိတာပဲ ။

ဘဝမှာတစ်ခါမှမကြုံဖူးလောက်အောင် လွတ်ထွက်သွားခဲ့တဲ့သတိနဲ့အသိဟာ မနေ့ညကမှ ပူပူလောလော ဖြစ်ပျက်ခဲ့ကြောင်း မှတ်ဉာဏ်ထဲ အစီအရီဝင်ရောက်လာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိသည့်အတိုင်းအတာက ဖော်ပြလို့မရ ။

အမြဲတမ်း ဘဝမှာ ကြံ့ကြံ့ခံပြီး မှန်မှန်ကန်ကန် ရှင်သန်နိုင်ခဲ့ပါတယ်ဆိုတဲ့ သူ့လိုလူအတွက် မနေ့ညကအဖြစ်အပျက်ဟာ အရူးလိုမျိုး ထိန်းချုပ်နိုင်စွမ်းကင်းမဲ့တဲ့ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ရွံရှာမုန်းတီးချင်စရာကောင်းလောက်အောင် ။

ကျော်ခဲ့မိတဲ့စည်းတွေဟာ အထပ်ထပ် ။

ခါးသီးစွာတွေးနေမိတဲ့အချိန်မှာ
အနားကိုတိုးကပ်လာတဲ့ ကိုယ်ငွေ့နွေးနွေးဟာ ရင်ခွင်ထဲက သက်ရှိအရာလေးကို သတိပြုမိအောင်လုပ်ပေးတော့ ခုနခေါင်းထဲက အရာအားလုံး ထပ်မံရပ်တံ့သွားရပြန်သလို ။

DELICATE|SUNGJAKEजहाँ कहानियाँ रहती हैं। अभी खोजें