1K 195 86
                                    

Unicode

ဟိုကလေးကိုညစာကျွေးပြီး ဆောင်းဟွန်း တစ်ယောက်ပန်းကန်တွေသိမ်းဆည်းဖို့ထွက်သွားပြီးတဲ့နောက်
​အခန်းထဲပြန်ဝင်သွားတော့ ညအတော်နက်နေပြီဖြစ်သည် ။

သူဝင်မလာခင်က သူ့ကုတင်ပေါ်မှာ ပုံ့ပုံ့လေးထိုင်နေပုံရတဲ့ ဘုရင့်သားတော်ဆိုတဲ့ ကောင်လေးဟာ သူဝင်လာတော့ ချက်ချင်းပဲ ဘာလုပ်ရမှန်းမသိသလို အမူအရာတွေပျက်ကာ မတ်တပ်ထရပ်သည် ။


"ဟို-ဟို"

စကားစဖို့ပြင်နေပေမဲ့ အပြောရခက်နေပုံရတဲ့ကောင်လေးဟာ မတ်တပ်ရပ်လိုက်တဲ့အခါ အရပ်အမောင်းက ဆောင်းဟွန်းရဲ့နားရွက်သာသာတောင်မရှိလောက်လို့ ခန့်မှန်းရသည် ။ လူလေးကသေးသလို အသက်လေးကလည်းငယ်ဦးမှာပါပဲ ။

ပြောဖို့ဟန်ပြင်နေပေမဲ့ စကားကတော်တော်နဲ့ထွက်မလာတဲ့သူကို ဆောင်းဟွန်းတစ်ယောက် မတ်တပ်သာရပ်ရင်း လက်ပိုက်ပြီး အကဲခက်သလိုကြည့်မိတော့ အနေရခက်သလိုမျိုး မျက်လုံးတွေကို တဖျပ်ဖျပ်ခတ်ရင်း အောက်ကိုငုံ့သွားသည် ။


"ဒီအခန်းက ဒီကလူရဲ့အခန်းမဟုတ်လား?"

"ဒီကုတင်ကလည်း ဒီကလူဟာမလား
ကျွန်တော့်ကို ဒီမှာခေါ်ထားရတော့ ဒီကလူနေစရာမရှိဖြစ်နေမှာ အဲ့တာ-"

​ဆိုလိုရင်းကို တည့်တည့်မပြောတတ်သလိုဟန်နဲ့ ကောင်လေးဟာ လက်စသတ်တော့ သူ့ကိုအားနာနေတာပဲ ။
ဘာပဲဖြစ်ဖြစ် တော်သေးတာပေါ့
အားနာရကောင်းမှန်းလေးသိသေးလို့ ။

ရုတ်တရက်ကြီး ဒီမှာနေချင်လို့ပါဆိုတဲ့ သူဆန္ဒကို မလွှဲသာမရှောင်သာ လက်ခံထားရတဲ့ ကိုယ့်မှာလည်း အချိန်မရွေး ကုပ်ပေါ်ဓားဝဲသွားနိုင်တဲ့အခြေအနေဆိုတာကို သူမသိပဲမနေလောက် ။

အခုလည်း သူ့ကြောင့် ဆောင်းဟွန်း ဘုံပျောက်မှာကို စိုးရိမ်နေတာပဲ ။
ဒါပေမဲ့ အဲ့လိုဆိုပြီး သူ့ကုတင်မို့ သူအိပ်မယ်ဆိုကာ ဒီတော်ဝင်သွေးသားလေးကို တွေ့ကရာနေရာ ချအိပ်ခိုင်းလို့မှလည်းမဖြစ်တာ ။


"မင်းအဲ့ဒီမှာပဲအိပ်ပါ ငါ့ကိုစိတ်မပူနဲ့
ငါ ဒီမှာအိပ်လို့ရတယ်"

DELICATE|SUNGJAKEDonde viven las historias. Descúbrelo ahora