665 106 70
                                    


​( ဇာတ်လမ်းကိုမမှတ်မိကြတော့ဘူးမလား  TT )

Unicode

နေသာတဲ့သာမန်နေ့တစ်နေ့ပဲဖြစ်မယ်လို့ ထင်ခဲ့တာက ဆောင်းဟွန်းအထင်မှားခဲ့မိတာဖြစ်လောက်သည် ။

မနက်စောစော မျက်လုံးနှစ်ဖက်ဖွင့်လို့ နိုးထလာတိုင်း ရင်ခွင်ထဲက အနွေးဓာတ်ကလေးကိုခံစားရင်း၊ နုနယ်တဲ့အသည်းညှာလေးကို မြင်တွေ့ရင်း နေ့တစ်နေ့ကိုစတင်ရတာ အကျင့်ဖြစ်လာရုံကလေးရှိဦးမည် ။

အရင်ကအချိန်ပြည့် စိုးထိတ်နေမိတဲ့ သူတို့နှစ်ယောက်ကြားက ကွာခြားလွန်းတဲ့တံတိုင်းတွေကို မမြင်ကွယ်ချင်ယောင်ဆောင်မိတော့မလိုဖြစ်ရုံကလေး ။

အဲ့လိုအချိန်ကလေးမှာ သတိလက်လွတ်ဖြစ်သွားခဲ့မိတာ အမှားတစ်ခုလို့ဆိုရလျှင် ဒီကလေးငယ်ကို ချစ်ခဲ့မိတာကတော့ အဖတ်ဆည်မရနိုင်တဲ့ အကြီးဆုံးအမှားလို့ သူ့ကိုယ်သူအပြစ်တင်ရင်း ကင်မွန်းတပ်ရမည်လား ဆောင်းဟွန်း မဝေခွဲနိုင်တော့ ။

ဘာပဲဖြစ်ဖြစ် ဖြစ်လာသမျှ အရာရာနဲ့အကြောင်းကြောင်းဟာ သူ့အပြစ်တွေချည်းလို့သာ ခံယူလိုက်ဖို့တော့ ဝန်မလေးချင်တော့ပါ ။

တော်ဝင်နန်းတော်ထဲက အဖိုးတန်တဲ့ပန်းကလေးဟာ ရူးရူးမိုက်မိုက်နဲ့ သူ့လိုလူကိုမှ အမြတ်တနိုးချစ်ပေးတာနဲ့တင် ဒါက သူ့ဘဝအတွက်အဖိုးမဖြတ်နိုင်တဲ့ကောင်းချီးတစ်ခုဖြစ်နေခဲ့ပြီးသားမို့ ။

ဒီ့ထက် ဒီ့ထက်ပိုပြီးလောဘတက်စရာမရှိတော့လို့ တွေးမိနေတဲ့ အဲဒီကာလကပင် အမှန်တကယ်မှာတော့ ဆောင်းဟွန်းအတွက် သိပ်ကိုအိမ်မက်ဆန်လွန်းတဲ့လက်တွေ့တစ်ခုဖြစ်ကြောင်း ထင်မှတ်မှားနေခဲ့တာဖြစ်နိုင်တာပါပဲ ။

တကယ်တမ်း အဲဒီမနက်က တိမ်ကင်းစင်ပြီး နေသာတာမို့ ဆောင်းဟွန်း ခပ်စောစောထပြီး ထုံးစံအတိုင်း ကုန်သိုလှောင်ရုံဆီသွားရင်း ဒီနေ့အတွက်ပို့ရမဲ့ကုန်တွေကို ကိုယ်တိုင်အသေးစိတ်စီမံနေခဲ့သည် ။

မနီးမဝေး သူခိုလှုံရာအခန်းငယ်ကလေးထဲက အသိုက်အမြုံလေးထဲမှာတော့ မြတ်နိုးရာရပ်ဝန်းငယ်လေးက စောင်ပုံထဲမှာ မြှုပ်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလောက်ဥိးမှာကို တစ်ချက်တစ်ချက်သတိရမိတိုင်း တသိမ့်သိမ့်ခုန်မိတဲ့နှလုံးသားနဲ့အတူ ပြုံးရယ်မိတဲ့နှုတ်ခမ်းပါးတွေကလည်း အကျင့်တစ်ခုလိုဖြစ်နေပြီပင် ။

DELICATE|SUNGJAKEWhere stories live. Discover now