၁၁ ဇာတ်သိမ်းပိုင်း

752 88 73
                                    



Unicode

ဆောင်းဟွန်း အသိစိတ်လွတ်ပြီး ရူးရူးမိုက်မိုက်ဆိုမိခဲ့တဲ့စကားတွေက ဘာတွေမှန်း ကိုယ့်ဟာကိုယ်တောင်နားမလည်နိုင် ။
ဒါပေသိ ချစ်ရသူကို အခြားသူလက်ထဲ အမှန်တကယ်ထည့်ပေးရတော့မည်လို့ ကြားသိလိုက်ရတဲ့အချိန် ကြံမိကြံရာ လုပ်မိဆိုမိတဲ့အရာတွေက မှားယွင်းမသွားဖို့ကလွဲရင် အခြားဆန္ဒပြုစရာမရှိ ။

အခုချိန် သူ့စိတ်ထဲမယ် ဂျယ်ယွန်းငယ်တစ်ယောက်သာ ရှိသည်မို့ ။


"အဲဒီတော့ ဆိုလိုချင်တာက ငါကမင်းကို သားအဖြစ်မွေးစားပြီး မင်းသားငယ်ကို လက်ဆက်ခွင့်တောင်းစေချင်တယ်ဆိုတဲ့သဘောဆိုလိုတာလား "

ဆိုလာတဲ့ အမတ်ကြီးမင်ရဲ့ အသံတည်တည်အဆုံးမှာ ဆောင်းဟွန်းကို စိုက်ကြည့်လာတဲ့ ခန့်မှန်းမရတဲ့မျက်လုံးအစုံ။
ရှောင်ဖယ်မနေပဲ အကြည့်ချင်းဆုံတွေ့စေပြီး ဒီထက်ရူးမိုက်စရာမရှိတော့ကြောင်းကို အတည်ပြုရသည် ။

အမှန်တကယ် အမတ်ကြီးမင်တို့ မိသားစုအတွက် သူထမ်းခဲ့တဲ့အမှုတွေဟာ ဒီကာလတစ်လျှောက် နည်းတာမှမဟုတ် ။
သူ့တောင်းဆိုချက်တွေကို လိုလိုလားလားဖြည့်ဆည်းပေးနိုင်တဲ့အထိ အမတ်ကြီးမင်ရဲ့ ယုံကြည်မှု ကိုးစားမှုကို ရရှိထားမှန်းဆောင်းဟွန်း သိသလို ဒီအခွင့်အရေးကို အသုံးချဖို့အတွက် အခုအချိန်မှာအသင့်အဖြစ်ဆုံးလို့ထင်ခဲ့မိသည် ။

သို့ပေမဲ့ အခုလောက် ရူးမိုက်ရာကျပြီး စည်းကျော်လွန်း ကြီးမားလွန်းတဲ့ တောင်းဆိုချက်ကတော့ အလွယ်တကူမဖြစ်နိုင်တဲ့ ရူးမိုက်မှုသက်သက်မှန်းလည်း ဆောင်းဟွန်းသိထားပြီးသား ။
သို့ပေပမဲ့ ချစ်ရသူအတွက် နောက်ဆုံးသော ကောက်ရိုးတစ်မျှင်တောင်ဖြစ်နေရင်တောင် ကြိုးစားကြည့်ချက်တဲ့စိတ်ကြောင့် သူအခု အမတ်ကြီးမင်ရှေ့မှာ ဒီလိုရောက်နေခြင်းသာ ။

အတတ်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းလျက် အမတ်ကြီးရှေ့ဒူးထောက်နေရချိန် တွေးတွေးဆဆဟန်ပြုနေတဲ့ ရှေ့ကလူကြီးမင်းရဲ့ အဆုံးအဖြတ်ဟာ ဆောင်းဟွန်းရဲ့နှလုံးသားတစ်ခုလူံးကိုသာမက ဘဝဝတစ်ခုလုံးကို အဆူံးအဖြတ်ပေးမည့်အရာ ။


DELICATE|SUNGJAKEWhere stories live. Discover now