905 179 34
                                    

Unicode

အပြင်းဖျားတာမျိုးမဟုတ်ပဲ နေရာအပြောင်းအလဲမှာ လေ၊နေအပြောင်းအလဲကြောင့် ခဏလောက်လေး ကိုယ်လက်မအီမသာဖြစ်ပြီး အအေးမိသွားတဲ့သဘောမျိုးမို့သာတော်တော့သည် ။

တစ်နေကုန် အိပ်ရာထဲခွေလှဲနေတဲ့ ဖြူရော်ရော်ကောင်လေးက ဆောင်းဟွန်း ကျွေးသမျှ အစာကိုဝင်နိုင်သလောက်စားပြီး ဆေးကိုသောက်လို့ တော်သည်ထင်ပါရဲ့။

တစ်နေကုန်လို့ ညနေစောင်းတော့ အဖျားပြန်မတက်တော့ပဲ သွေးရောင်ပြန်လွှမ်းလာသည့် ပန်းနုရောင်ဆွေးဆွေးမျက်နှာနုနုကိုမြင်မှ တင်းထားသမျှ သက်ပြင်းကို ခပ်မမချနိုင်သည် ။

မဟုတ်ရင်အဲဒီဖြူရော်ရော် မျက်နှာညှိုးငယ်ငယ်လေးကို သူကြာကြာကြည့်ရမှာက အတော်ခက်ခဲသည် ။

ကိုယ်တိုင် ဘဝတစ်လျှောက် ကြမ်းတမ်းတဲ့အခြေအနေတွေ အမျိုးစုံ မရိုးနိုင်အောင် ကြုံခဲ့ရတာမှန်ပေမဲ့လည်း..။
ဘာလို့မှန်းမသိ ဒီကောင်လေးခံစားပင်ပန်းတာကို ကြည့်ရတာက သူ့အတွက်သိပ်ကိုခက်ခဲနေသလိုမျိုး။




ပြတင်းတံခါးတွေကိုအသေအချာပိတ်ကာ အခန်းတွင်းကို လေစိမ်းမဝင်ကြောင်း အတည်ပြုပြီးနောက် ဂွမ်းစောင်ဖြူဖြူအောက်က လွတ်ထွက်နေတဲ့ ဖြူဖြူသွယ်သွယ်လက်ချောင်းငယ်တွေကိုမြင်ရတော့ ။

ကိုင်တွယ်လိုက်ဖို့ မရဲတရဲ ဝန်လေးနေပေမဲ့
တစ်ဖက်ကလည်း တစ်နေရာရာဆီက တွန်းအားပေးခံနေရသလိုမျိုး ။

ကိုယ်တွင်းတစ်နေရာရာ
​သူ့ခန္ဓာကိုယ်ရဲ့အနက်ရှိုင်းဆုံးတစ်နေရာကနေ ဒီကလေးငယ်ဆီကို တွန်းအားပေးနေတာမျိုးကို စတွေ့ကတည်းက ခံစားနေခဲ့မိတာ ။
တတ်နိုင်သမျှ အကွာအဝေးထားပြီး ခပ်တန်းတန်းကြိုးစားနေကြည့်ဖို့ တွေးမိခဲ့ပေမဲ့ အတွေးဟာ အတွေးသက်သက်အနေနဲ့ လေထဲမှာပျောက်ဆုံးသွားအောင် အခြေအနေတွေကဖန်တီးသည် ။

တွန်းအားပေးခံရရင် ခံရတဲ့အတိုင်း ဆက်သာတိုးမိနေရင် အဆုံးမရှိတဲ့ ချောက်နက်ထဲကိုကျပြီး ဘဝဆုံးမှာက ကိုယ်တိုင်ပဲဆိုတာကို အတွင်းစိတ်တစ်နေရာကနေ အသေအချာသိနေခဲ့တာမှန်ပေမဲ့...။

DELICATE|SUNGJAKEWhere stories live. Discover now