1K 156 120
                                    

Unicode


" ဟွန်း! "

"အမေ့-"

အခန်းတံခါးကိုဖွင့်ဖွင့်လိုက်ချင်း မျက်စိရှေ့မှာဖြတ်ခနဲမြင်လိုက်ရပြီးနောက် သူ့ကိုယ်ပေါ်ကို ခုန်တက်တော့မယောင် တိုးဝင်လာတဲ့ ခန္ဓာကိုယ်ငယ်။
ဆောင်းဟွန်းသတိထားပြီး ထိန်းမတ်ပေးလိုက်လို့သာ ။ မဟုတ်လို့ သူ မထိန်းနိုင်တာပဲဖြစ်ဖြစ် တစ်ခုခုသာလွဲသွားရင် ကြမ်းပြင်နဲ့မျက်နှာနဲ့မိတ်ဆက်သွားလောက်မဲ့အဖြစ်ကို ဒီရှေ့က ခပ်ငယ်ငယ်အမျိုးသားလေးက တွေးမိပုံမရ။

နန်းတော်ထဲမှာ အလှောင်ခံထားရလို့ နန်းပြင်မှာနေချင်ပါတယ်ဆိုပြီး ဇွတ်ကပ်နေနေပေမဲ့ အခုလည်းဘာမှသိပ်ထူးတာတော့မဟုတ် ။

တစ်နေကုန် အခန်းထဲမှာပိတ်လှောင်ထားခံရတဲ့ သူ့ရဲ့နူးညံ့တဲ့ပွင့်ဖတ်ငယ်လေးဟာ ဆောင်းဟွန်းအပြင်မှာ အလုပ်လုပ်နေတုန်း တစ်ယောက်တည်းပျင်းနေရှာမယ်ဆိုတာ သူမသိပဲမနေပါ ။

ဆောင်းဟွန်းရဲ့ပုံမှန်အလုပ်က အားမနေသည့်တိုင် ရှုပ်လွန်းတာမဟုတ်လို့ ဒီကောင်လေးအတွက် အချိန်ပေးပြီး ဟိုဟိုဒီဒီဈေးထဲ မြို့တော်ထဲလိုက်ပြစရာတွေပြရင်း အပြင်ကိုလိုက်ပို့ပေးဖို့ တွေးမိပေမဲ့ သူ့ကလေးငယ်ကိုယ်တိုင်က စိတ်ထင်တိုင်း လက်လွတ်စပယ် လျှောက်သွားလို့ရတဲဲ့အခြေအနေမဟုတ်တာမို့ သူ့မှာ စိတ်မကောင်းဖြစ်စွာ သက်ပြင်းချရုံကလွဲလို့မတတ်နိုင် ။

တနေကုန် ကုန်လှောင်ရုံဘက်မှာ အလုပ်တွေပြီးလို့ အခန်းဆီကိုပြန်လာတိုင်း တံခါးကိုဖွင့်ဖွင်ချင်း ရင်ခွင်ထဲကို ပစ်ဝင်လာတတ်တဲ့ သခင်အလာကိုစောင့်မျှော်နေတဲ့ သစ္စာရှိတဲ့ခွေးပေါက်လေးလိုမျိုး ချစ်စရာကောင်းတဲ့ကောင်ငယ်လေးဟာ ဆောင်းဟွန်းဒီတစ်လျှောက်လုံး ကြိုးကြိုးစားစားအသက်ရှင်ခဲ့လို့ နတ်ကောင်းနတ်မြတ်တွေက ဆုချတဲ့လက်ဆောင်မွန်ဖြစ်လောက်မလား ။

သူ့ဘက်က ထိန်းကိုင်ပေးထားသည်ကို ဇွတ်တိုးဝင်လျက် ရင်ခွင်ထဲတရှုံရှုံ့လုပ်နေသည့် ခွေးပေါက်စလေးဟာ ဆောင်းဟွန်းဘဝမှာ အရင်ကတစ်ခါမှမဖြစ်ဖူးသည့် ရင်ထဲကယားကျိကျိဝေဒနာရဲ့တရားခံ။



DELICATE|SUNGJAKEDonde viven las historias. Descúbrelo ahora