534 94 20
                                    

Unicode


ချစ်သောစိတ်ကို ကြိတ်မှိတ်ဖြေချင်းငှာလည်း မတတ်နိုင်တဲ့အဖြစ်က ရက်စက်လွန်းလေသလား ။

ပူပူလောင်လောင်နွေရာသီဆန်တဲ့ ဘဝမျိုးမို့ နဂိုတည်းက ခြောက်ကပ်မှုကမဆန်းပေမဲ့
​ဖြတိသန်းသွားတဲ့ လေပြည်နုကလေးရဲ့ အေးမြမှုကို ခံစားလိုက်ရချိန်က တစ်ခဏလေးပဲဆိုဆို
ရေတစ်ပွတ်စာလောက်ပဲကြာတယ်လို့ ခံစားရ ခံစားရ
တစ်ခုတည်းသော ဒီအေးချမ်းရာကလေးဟာ အနားမှာထပ်ရှိမနေနိုင်တော့တဲ့အခါ

​ဖမ်းယူလို့မရတဲ့ လေပြည်ညှင်းကို လိုက်ဖမ်းဖို့ကြံရွယ်မိပေမဲ့ မတတ်နိုင်တဲ့ ဘဝသာသာပါပဲ ။

ပူလောင်လက်စ သူ့ဘဝ ဆက်ပူလောင်ဖို့က ကံကြမ္မာလို့အပြစ်တင်ပြီး ကြိတ်ကာမှိတ်ကာခံစားဖို့ ဆောင်းဟွန်းမတုန့်နှေးခဲ့ ။


မြတ်နိုးရာ သူ့ပန်းကလေးကတော့ သူနဲ့ဝေးရာ အဆင့်မြင့်မြင့်နန်းဆောင်ထဲမှာစံစားရင်း အေးချမ်းနေလောက်လိမ့်မယ်လို့ အတွေးပြုရင်း လွမ်းနာကျတဲ့နှလုံးသားကို လျစ်လျူရှူချင်ယောင်ဆောင်ရမည် ။

သူရဲ့အဝေးတစ်နေရာမှာ အေးချမ်းနေလောက်မဲ့ မြတ်နိုးရာကလေး အဆင်ပြေနေရင် တော်ပြီပေါ့ ။

မတန်မရာ ဝေးကွာတဲ့ သူ့ဆီကို အရောက်လာပေးခဲ့တဲ့ အချိန်ခဏလေးနဲ့တင် သူ့မှာ ကံကြမ္မာကိုရော ချစ်ရသူတော်ဝင်ပန်းကလေးကိုပါ ကျေးဇူးတင်လှပါပြီ ။

ချစ်ရသူသာ ပြည့်စုံအေးချမ်းနိုင်မှာသေချာမယ်ဆို သူ့ဘက်က နာကျင်လွန်းလို့ အသက်တောင်ပေးရရင်တောင် ဆောင်းဟွန်းမှုစရာမရှိ ။

တကယ်တမ်းတော့ ဟိုးအစတည်းက ချစ်သူဟာ သူနဲ့ဝေးရာမှာ တောက်ပခဲ့တဲ့ ကြယ်တာရာလေးတစ်ပွင့်ပါပဲ ။

လောကကို စောင့်ရှောက်ကြတဲ့ နတ်တွေ ဖန်ဆင်းရှင်တွေများ တကယ်ရှိခဲ့ရင် ဆုတောင်းလိုတာတစ်ခုတည်း ။

မြင်တွေ့ခွင့်မရနိုင်တဲ့ မြင့်မြတ်တဲ့တစ်နေရာဆီက သူ့နှလုံးသားပိုင်ရှင်ကလေးဟာ သူ့မျက်ကွယ်ရာမှာ အစဉ်အေးချမ်းပျော်ရွှင်နေဖို့ပါပဲ ။

ကိုယ်တိုင်ကိုယ်ကျ မကာကွယ်ပေးနိုင်တဲ့ ဒီဘဝမှာ ဒီလိုဆုပန်ခြွေဖို့ကလွဲ ချစ်ရသူအတွက် သူတတ်နိုင်တာမရှိတော့လောက် ။

DELICATE|SUNGJAKEWhere stories live. Discover now