Part-1

461 49 8
                                    

ဝူးးးတီ တီ...

အရှိန်ဖြင့်မောင်းနှင်လာသောပြိုင်ကားအဖြူလေးတစ်စီးကကျောင်း၀င်းရှေ့ရောက်တော့ဖြည်းဖြည်းချင်းရပ်တန့်သွားသည်
ကားပေါ်ကဆင်းလာသည်နှင့်တစ်ပြိုင်နက်ကောင်မလေးတစ်စု၏အော်ဟစ်သံများက တစ်ကျောင်းလုံးကိုပျံ့နှံ့သွားသလားအောက်မေ့ရသည်။

" အားး Park Sunghoonကချောလိုက်တာ! "

" ငါ့ရဲ့မင်းသားလေး "

" တစ်ရက်လောက်တွဲရရင် ငါတော့သေပျော်ပြီ "

" တနေ့လုံးသာထိုင်ကြည့်လိုက်ချင်တယ် ချောချက်က "

" ဟဲ့ ဟဲ့ ..သူငါ့ဘက်ကိုကြည့်လာတယ်ဟဲ့ ငါ့ကြိုက်နေလို့ပဲနေမှာ "

" အမလေးကြိုက်ဦးမယ်များများကြီး ငါ့ဘက်ကိုပဲကြည့်လာတာမမြင်ဘူးလား ကောင်မ ငါချထည့်လိုက်ရ "

" ချစ်တယ်နော် Sunghoonieရေ "

နေ့တိုင်းကြားနေကျစကားတွေမို့ သူအထူးဆန်းမလုပ်တော့ပေ ။ ဘေးအိတ်ကိုတစ်ဖက်စောင်းလွယ်လိုက်ပြီး အော်ဟစ်နေကြတဲ့ကောင်မလေးတွေကိုလျှစ်လျူရှုပြီး ကန်တင်းဘက်ကိုလျှောက်လာလိုက်သည်။

" ပေါ်လာသေးတယ်နော် ဟေ့ကောင်..ငါတို့ကသေပြီမှတ်နေတာ "

" အဲ့ဒါပေါ့ ငါတို့နှစ်ကောင်စောင့်နေတာ နာရီ၀က်တောင်ရှိနေပြီကွ ဘာလုပ်နေတာလဲ"

စောင့်နေရ၍စိတ်မရှည်ပဲအော်ငေါက်လာသောငယ်ပေါင်းနှစ်ယောက်ကိုကြည့်ရင်းသူရီချင်လာသည်။
Jay..သူကတော့ မိဘတွေကခင်ကြတာမို့ငယ်ငယ်လေးထဲကပေါင်းလာတဲ့ကျွန်‌ေတာ့်ရဲ့အခင်‌ဆုံးသူငယ်ချင်း.. playboyဆိုလဲမမှားပါ ဒါပေမယ့်ကျွန်တော့်လောက်မဆိုးဘူးးဟဲ ဟဲ
သူလဲဘာထူးလို့လဲ ကိုယ့်လိုပဲအိပ်လိုက်စားလိုက်လျှောက်လည်လိုက်နှင့်အချိန်ကုန်နေတတ်တာချည်းပင်။

နောက်တယောက်ကတော့ Ni-Ki ..
Park Jay ထက်နောက်ကျမှခင်ပေမယ့် စိတ်တူကိုယ်တူတွေမို့ ပေါင်းသင်းရအ‌ဆင်ပြေသည် သူလဲခေသူတော့မဟုတ် မိဘနှစ်ပါးကလဲမနိုင်လို့သာလွတ်ထားရသည်
သူတို့သုံးယောက်ကအပေါင်းအသင်းမဆန့်ဘူးလားဆိုလဲမဟုတ်ပေ မပေါင်းချင်ဘူးဆိုမှန်လိမ့်မည် တချို့က ငွေကြောင့်သူတို့နှင့်ခင်ချင်ကြမှန်းသူတို့သိသည် ထို့ကြောင့်ထပ်မပေါင်းတော့ပါ

THE END (အဆုံးသတ်)Where stories live. Discover now