Part-10

306 28 9
                                    


ထမင်းစားခန်းထဲကျွန်တော်၀င်ထိုင်ပြီးဟင်းများကိုမျက်လုံးဝေ့ကာစူးစမ်းလိုက်သည်။ ကျွန်တော့်အိမ်လောက်မများပေမယ့် ကိုကိုချက်ထားတယ်ဆိုတဲ့အသိနဲ့ စားကောင်းမှာသေချာသည်။ တစ်စိတ်..ကျွန်တော့်ကိုယ်ပေါ်မှာ cotton candyနံ့လေးသင်းနေသလားလို့
ပိုသေချာသွားအောင် အကျီ ်ကိုဆွဲနမ်းကာအနံ့ခံကြည့်လိုက်သည်။ သေချာပေါက်ကိုကို့အကျီ ်ကနေထွက်လာတာပင်...
အင်းး ကျွန်တော်မှတ်ထားလိုက်ပြီကိုကိုရေ

" အရင်စားထားနှင့်ပါဆို ခုံပေါ်ထိုင်ပြီးဘာတွေတွေးနေတာလဲ ပတ်ဟွန်းး ဗိုက်မဆာဘူးလား "

ကျွန်တော်‌ရေချိုးရအုံးမှာမို့ ဗိုက်ဆာနေမည်စိုး၍ အရင်စားထားနှင့်ခိုင်းပေမယ့် ငိုယ်တော်က မစားသေးပဲနဲ့ကျောက်ရုပ်ကြီးလို ထမင်းစားခုံရှေ့မှာ ငေးလို့..

" တူတူစားမယ်လေ ထိုင်ကိုကို ..ရော့ ကိုကို့အတွက် "

တူဖြင့်ညှပ်ကာ ပန်းကန်လုံးထဲထည့်လာပေးသော အသားဖတ်ကိုကြည့်ရင်းကျွန်တော်မျက်ရည်ဝဲလာသည်။ မရှိတော့သည့်မိဘနှစ်ပါးကိုလဲလွမ်းလာသည်။

" ဟို ..ကိုကိုမကြိုက်ရင်ကျွန်တော်မထည့်တော့ပါဘူးး "

ခုနကထမင်းစားနေရင်းကျွန်တော်ကိုကို့ပန်းကန်ထဲအသားတစ်ဖတ်ထည့်ပေးလိုက်မိသည်။သို့ပေမယ့်မျက်ရည်ဝဲလာသောကိုကို့ကြောင့် ကျွန်တော်ဘာလုပ်ရမည်မသိတော့

" မဟုတ်..မဟုတ်ပါဘူးးငါကြိုက်ပါတယ်
ဒီနေ့ဘာနေ့လဲမင်းသိလားပတ်ဟွန်း "

" ဟင့်အင်း..ဘာနေ့လဲကိုကို "

" ငါ့မိဘရဲ့ 2yrs နှစ်ပတ်လည်နေ့ပဲ "

" အာ..ကျွန်တော်တောင်းပန်ပါတယ် နှောက်ယှက်မိသလိုများဖြစ်သွားးး "

" ကျေးဇူးတင်ပါတယ် ...မင်းကြောင့် မင်းကြောင့် ဒီနှစ်ငါတစ်ယောက်ထဲမဖြတ်သန်းရတာ အရင်နှစ်တွေဆိုငါတစ်ယောင်ထဲပဲ အရမ်းအထီးကျန်တယ်  သိလား "

ကျွန်တော့ကိုယ်ကျွန်တော်လဲအရမ်းအံ့ဩမိသည်။မမLimတို့ကို‌ေတာင်ကျွန်‌ေတာ့်ခံစားချက်‌တွေကိုဘာတစ်ခုမှမဖွင့်ပြောခဲ့ဖူးပါပဲ အဘယ်ကြောင့်အခုမှတွေ့ဖူးသည့်သူကို မိမိခံစားချက်တွေကိုရင်ဖွင့်ပြရတယ်လို့ ..

THE END (အဆုံးသတ်)Where stories live. Discover now