Part- 11

698 26 10
                                    

" ကျွန်တော်ရောက်ပြီ ကိုကိုရေ ကိုကို!! "

" ဟဲ့ ဘယ်သူတုန်း အော်ကြီးဟစ်ကျယ်နဲ့ "

" ကျွန်တော့်ကိုကိုရော ဘယ်မှာလဲ "

" ဘယ်ကနင့်ကိုကိုတုန်းဟဲ့ လူမှားနေတာလား "

" ကိုကို Heeseung လေ "

" အမလေး ငါသွေးတက်တယ် ကိုကိုတဲ့ ..ဆိုင်နောက်ခန်းမှာစက္ကူ၀င်ယူနေတယ် ကြွကြွ "

ဘယ်လိုကောင်လေးမှန်းမသိပါ။ပုံစံကြည့်ရတာတော့လူကောင်းသူကောင်းလေးပင်။

" မမ Lim အဲ့လူကဘယ်သူလဲဟင် ကိုကြီး Hee ကိုလဲကိုကို ကိုကိုနဲ့ အမြင်ကပ်စရာကြီး "

" တယ် ဒီကလေးမ ငါခေါက်ထည့်လိုက်ရ ငါဘယ်သိမှာလဲဟဲ့ ..သွားမေးပါလား ဟိုက နင့်ထိုးလွတ်အောင် "

" မမ Lim ကလဲ ဟွန့်... "

သူတို့လဲသူတို့အလုပ်သူတို့ပြန်လုပ်ကြတော့သည်။

" ကိုကို...ဒီမှာ သော့ ကျွန်တော်ကျောင်းသွားတော့မယ်နော် "

" အင်း "

" ကိုကို!!! အင်း တစ်လုံးထဲလား တခြားဟာပြောအုံးလေ "

" အင်းးကောင်းကောင်းသွား "

ဒီကောင်လေးဘယ်လိုဖြစ်နေသနည်း။ မပြောလျှင်ဆက်ရစ်နေမည်စိုး၍ ပိုပြောပေးလိုက်သည်။ပုံမှန်ဆို မလိုအပ်ပဲကျွန်တော်စကားသိပ်မပြောချင်ပါ

" ကျွန်တော်သွားပါပြီ "


ကျောင်းသို့ရောက်သော် ဟိုနှစ်ကောင်ကကျွန်တော့် ကိုစောင့်နေကြသည်။ အင်းး ဒီသတင်းထောက်တွေနဲ့တော့ဖြေရအုံးမှာပေါ့လေ

" ညကဖုန်းဆက်တာ မင်းဘယ်နားသွားအလေလိုက်နေတာလဲဟ  ကိုင်လဲမကိုင်ဘူး "

" ငါလား "

" အေးလေ နင့်မမေးလို့ဘယ်သူ့မေးရမှာလဲဟ အရူးရ "

" ညကကိုကို့ဆီ လိုက်နေတာ "

" ကိုကို ..ဘယ်ကကိုကိုလဲဟ နင့်မှာအစ်ကိုရှိတယ်လို့လဲငါတို့မကြားဖူးပါဘူး "

" ဟ..ငါ့ကိုကိုဆို ငါ့ကိုကိုပဲသိထားပေါ့..ဘာတွေလာရစ်နေတာလဲ နင်တို့နှစ်ကောင် "

You've reached the end of published parts.

⏰ Last updated: Sep 24, 2021 ⏰

Add this story to your Library to get notified about new parts!

THE END (အဆုံးသတ်)Where stories live. Discover now