" မင်းကားကရော "
" ကျွန်တော့်ကားလားးးကျွန်တော့်မှာကားမရှိဘူးးကိုကိုရဲ့ "
" နေ့လည်ကမင်းစီးလာသေးတယ်လေ "
" အဲ့တာ ကျွန်တော့်သူငယ်ချင်းရဲ့ကား "
" အော်..အာ့ဆိုလဲလမ်းလျှောက်ပြန်ကြတာပေါ့ "
" ဟုတ် "
လိမ်လက်စနှင့် ကျွန်တော်ဆက်လိမ်နေမိသည်။ တကယ်တော့ကျွန်တော့်ကားကို cafe ဆိုင်မရောက်ခင်သစ်ပင်အောက်က၀င်ရပ်ထားသည်။ရှိပါစေတော့ ..သို့မှသာကိုကိုနှင့် နီးစပ်ခွင့်ရမည်လေ
တခြားလူတွေနှင့်ဆို စကားကိုဘုဆတ်ဆတ်ပြောကာ ပြောစကားနားမထောင်တတ်သည့်ကျွန်တော်က ကိုကို့စကားတစ်ခွန်းဆို တစ်ခွန်းတည်းဖြင့် အရာအားလုံးကိုအရှုံးပေးထားသည်။လမ်းလျှောက်နေရင်းကပင် -
" ဒါနဲ့ ကိုကိုကဘယ်မှာနေတာလဲ "
" ကိုကို ကိုကိုနဲ့မင်းဘာဖြစ်နေတာလဲ ငါ့နာမည် Lee Heeseung ကိုကိုမဟုတ်ဘူးဟ မငက ကလေးလား "
ကျွန်တော့်အရှေ့မှထိုကောင်လေးသည် ညနေဆိုင်ထဲ၀င်လာပြီးကတည်းက ကျွန်တော့်ကို တစ်ကိုကိုတည်း ကိုနေတာ အခုထိပင်။
" ကျွန်တော်ကိုကို့နာမည်ကိုသိပါတယ် ..ဒီတိုင်းခေါ်ချင်လို့ "
" မင်းနာမည်က ?? "
" ကျွန်တော့်နာမည် Park Sunghoon အသက်က 19 ဒုတိယနှစ်တက်နေတာ "
" နာမည်ကလဲရှည်လိုက်တာ..ပတ်ဟွန်းလို့ပဲခေါ်မယ် ရတယ်မလား "
" ရတယ် ရတယ်..ကျွန်တော်ကြိုက်တယ် "
စကားပြောရင်းလျှောက်လာလိုက်သည်မှာ စတိုးဆိုင်ရှေ့သို့ပင်ရောက်လာသည်။
" ငါလိုအပ်တာတွေ၀င်၀ယ်မလို့ မင်းဘာမှာအုံးမလဲ "
" ကျွန်တော်က ဘာစားစားရပါတယ် ကိုကိုကြိုက်သလိုပဲ၀ယ်ပါ "
" ပြီးရော အာ့ဆိုလဲ "
စတိုးဆိုင်ထဲသို့ ၀င်သွားသော ကိုကို့ကျောပြင်လေးကို ကျွန်တော် အကြာကြီးငေးကြည့်နေမိသည်။ နာရီ၀က်လောက်ကြာပြီးသော် ဆိုင်မှအထုပ်ကြီးငယ်ဖြင့် ထွက်လာသောကိုကို -
![](https://img.wattpad.com/cover/279740525-288-k817886.jpg)
YOU ARE READING
THE END (အဆုံးသတ်)
Fanfiction~ မင်းကိုငါမချစ်ခဲ့ဘူးလို့မပြောနဲ့ ငါမင်းကို ဘယ်လောက်ထိချစ်ခဲ့သလဲဆိုတာငါ့ကိုငါအသိဆုံးမို့ ..ဒီလိုဆက်လုပ်နေမယ်ဆိုရင်ငါမင်းဆီကနေထာဝရထွက်သွားမိတော့မယ် အခုငါ့အချစ်တွေကလေ အဆိပ်ဖြစ်သွားပြီဟွန်းး ဘာလို့လဲသိလား အရမ်းချစ်ခဲ့လို့ အရမ်းချစ်ခဲ့လို့... ...