Part- 7

292 31 1
                                    


ပိုက်ဆံရှင်းပြီးသွားသဖြင့် Heeseungလဲ စာရွက်ဖြတ်ပိုင်းလေးကိုဖြတ်ပေးလိုက်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ်ဗျ..နောက်လဲလာအားပေးပါအုံးနော် "

" ဒါပေါ့ ဒါ‌ပေါ့..အားပေးရမှာပေါ့ "

ဘာလို့အဲ့လောက်ယဥ်ကျေးနေရသနည်း။ ဆက်နေလျှင် နှလုံးကအပြင်သို့ခုန်ထွက်လာမည်စိုး၍ မပြန်ချင်ပဲသူဆိုင်အတွင်းမှထွက်လာခဲ့လိုက်သည်။


" ရော့ နင့် Americano ..မျက်နှာတွေနီပြီးချွေးတွေ ထွက်နေပါလား မှန်းစမ်း "

ဘူးကိုကမ်းပေးရင်း နှဖူးပေါ်သို့လက်တင်ကာ စမ်းသပ်လာသောသူငယ်ချင်းလေးး
အပူချိန်ကြောင့်လား ထိုကောင်လေး၏အပြောစကားကြောင့်လား Heeseung မသိပေ။သိလဲမသိချင်ပါ

" ဘာမှမဖြစ်ပါဘူးဟ..ပေးစမ်းပါ ဒါ‌လေးသွားဖျော်တာအဲ့လောက်ကြာရလားး "

တစ်စိတ်..ဒီကောင်စိတ်ရောမှန်သေးရဲ့လားး သူသွားတာ ဆယ်မိနစ်လောက်ပဲရှိသေးသည်။ တစ်ခုခုတော့ တစ်ခုခုပင်...

" မားမားရေ..ပန်းစည်းလေးရလာပြီ ဒီမှာပါဗျ  "

" မျက်နှာကပြုံးစိစိနဲ့ဘာတွေသဘောကျစရာတွေ့လာလို့လဲ ..အရင်ကခိုင်းရင်မျက်နှာက ပုပ်သိုးနေပြီးတော့ "

" ဟာ ..မားမားကလဲ ကျွန်တော်ကအမြဲတမ်းဒီလိုပဲဟာကို "

" အော်..
သူမပြောစရာစကားပင်ပျောက်သည် "

" ကျွန်တော်သွားပြီနော်  တာ့တာ ...အော် မေ့လို့ သားကိုဒီငွေဖြတ်ပိုင်းလေးပေးနော် "

ပန်းစည်းပေါ်ကဖြတ်ပိုင်းလေးကိုဆွဲယူကာ အပြင်သို့ပြေးထွက်သွာားသော သူမ၏အချစ်ဆုံးလေး...ဒီကလေးနဲ့တော့ ဘယ်လိုလုပ်မှ ငြိမ်မယ်မှန်းမသိတော့ပါဘူး။

ကျောင်းသို့ရောက်ရောက်ချင်း သူငယ်ချင်းနှစ်ယောက်ဆီသို့အမောတကောဖြင့်သူပြေးလာသည်။

" ဟျောင့်တွေ နင်တို့ကိုမေးစရာရှိလို့ "

" ထူးထူးဆန်းဆန်းပါလားဟ "

" ဘာမေးမှာလဲ မေး  "

" ဟိုလေ လူတစ်ယောက်ကိုကွာ.. သူ့ကိုမြင်တိုင်း နှလုံးကထိန်းမရအောင်အရမ်းခုန်နေတာဟ ရင်ထဲမှာလဲတမျိုးကြီးပဲ ခံစားရတာ "

THE END (အဆုံးသတ်)Where stories live. Discover now