" တီ တီ တီ တီ .. "နှိုးစက်သံကြောင့် Park Sunghoonတစ်ယောက် မထချင်ဘဲထလိုက်ရသည်။လိုက်ကာကိုဆွဲဖွင့်လိုက်တော့ နေရောင်ခြည်နုနုလေးကအခန်းထဲတိုး၀င်လျက် ..သူလဲမျက်နှာသစ်သွားတိုက်ဖို့ရာ ရေချိုးခန်းထဲသို့ ၀င်သွားလိုက်သည်။အကုန်လုပ်ပြီးသည်နှင့် သူလဲမှန်ရှေ့ရပ်ကာ ကိုယ့်မျက်နှာကိုယ် သဘောတကျကြည့်လိုက်သည်။
မျက်ခုံးနက်နက် ၊မျက်လုံးကလဲတောက်ပလို့..နှာခေါင်းကချွန်ချွန်..ထိုနှာခေါင်းဘေးကမှဲ့လေးကလဲ မျက်နှာချောချောလေးနဲ့ပနံသင့်အောင်ကြည့်ကောင်းလှသည်။ vampire လိုသွားစွယ်လေးနှစ်ဖက်ကလဲ ချောမောမှုကိုဖြည့်တင်းပေးနေသည်။ ထိပ်ပေါ်ဝဲကျနေသောဆံပင်တို့ကိုလက်ဖြင့်ထိုးဖွကာ ကြည့်ကောင်းအောင်ပြင်လိုက်သည်။
" ငါလေးကတော်တော်ချောတာပဲ..ကြည့်လို့တောင် မ၀ဘူးးဟားဟားး "
" ဟင်..ဟိုလူ.. "
မှန်ကြည့်နေရင်းကပင် အတွေးထဲ၀င်လာသောမနေ့ကထိုလူ၏ပုံရိပ်ကပြန်ပေါ်လာသည်။
" နင်ရူးနေပြီလားးဘာတွေတွေးနေတာလဲ Park Sunghoon "
အတွေးတို့ကိုဖျက်ကာသူလဲ အ၀တ်ဘီဒိုထဲက ယူနီဖောင်းကိုထုတ်ကာ၀တ်လိုက်သည်။ထို့နောက် အိတ်ကိုဆွဲကာ အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။
" သားး မနက်စာစာသွားအုံးလေ "
" မစားတော့ဘူး မားမားရေ "
" ပါးပါးစကားခဏလောက်ပြောချင်လို့ လာပါအုံးးသားငယ် "
ပါးပါးလဲခေါ်နေသည်မို့သူလဲမငြင်းတော့ပဲ ၀င်ထိုင်ကာ ပေါင်မုန့်တစ်ချပ်ကို ပါးစပ်ထဲထည့်ကာ ကောက်ဝါးလိုက်သည်။
" ကျောင်းတက်ရတာအဆင်ပြေရဲ့လားး စာတွေရောလိုက်နိုင်ရဲ့လား "
" ပြေပါတယ် ..ကျွန်တော်ကတော်ပြီးသားပဲလေ ဟဟ "
" သားး!! ပါးပါးကအကောင်းမေးနေတာကို "
ကျွန်တော့်ရဲ့အဖြေကြောင့် မားမားပါ၀င်ပြောလာသည်။
" ကျွန်တော်အဆင်ပြေပါတယ်ဗျာ...ဖြေရင်ကျတာလေးတစ်ခုပဲ "
ВЫ ЧИТАЕТЕ
THE END (အဆုံးသတ်)
Фанфик~ မင်းကိုငါမချစ်ခဲ့ဘူးလို့မပြောနဲ့ ငါမင်းကို ဘယ်လောက်ထိချစ်ခဲ့သလဲဆိုတာငါ့ကိုငါအသိဆုံးမို့ ..ဒီလိုဆက်လုပ်နေမယ်ဆိုရင်ငါမင်းဆီကနေထာဝရထွက်သွားမိတော့မယ် အခုငါ့အချစ်တွေကလေ အဆိပ်ဖြစ်သွားပြီဟွန်းး ဘာလို့လဲသိလား အရမ်းချစ်ခဲ့လို့ အရမ်းချစ်ခဲ့လို့... ...