Part - 2

358 45 5
                                    


နေရောင်ခြည်နုနုလေးကပြတင်း‌ပေါက်မှန်မှတစ်ဆင့်မျက်နှာ‌ပေါ်ဖြာကျလာသောကြောင့်ဆက်အိပ်ရန်မဖြစ်နိုင်တော့ပေ
ထို့ကြောင့် စားပွဲထက်မှ နာရီကိုလှမ်းကြည့်လိုက်သည်။
နာရီလက်တံက 8 ဆီသို့သို့

" သေစမ်း..ဒီနေ့အော်ဒါတွေအများကြီးလက်ခံထားတာ သေသာ‌သေလိုက်ပါတော့ lee Heeseungရေ "

သူလဲအိပ်ယာကနေကမန်းကတန်းထ၍ရေချိုးခန်းသို့ ပြေး၀င်သွားပြီးမျက်နှာသစ်သွားတိုက်လိုက်သည်
ရေမိုးချိုးပြီးအ၀တ်စားပါလဲလိုက်သည် အဲ့လိုမှမလုပ်ရင်သူဒီနေ့တနေ့လုံး လန်းဆန်းတော့မှာမဟုတ်မှန်းသူသိသည်လေ ထို့နောက်အိတ်ထဲလိုအပ်သည်များထည့်ကာ အခန်းသော့ခတ်ပြီး တိုက်အောက်သို့ပြေးဆင်းသွားသည်။
ရပ်ထားသော vespa လေးကိုစက်နိုးကာ ဆိုင်ရှိရာဘက်ဆီသို့. .

ဆိုင်ရောက်သော်အမ Limတို့တောင်ရောက်နှင့်နေပြီဖြစ်သည်

" ကိုကြီး Hee... ဒီနေ့နောက်ကျတယ်နော် "

" ညက flower wrapping လုပ်တာတွေကြည့်ပြီး ညဉ့်နက်မှအိပ်ပျော်သွားလို့ပါ "

"မနက်စာမစားရသေးဘူးပေါ့ အာ့ဆို "

အခုမှသူသတိရသည်။ မနက်ကလောလောလောလောထွက်လာလိုက်တာ သူမနက်စားဖို့မေ့ခဲ့သည်။

" ဟုတ်တယ်..မစားရသေးဘူး "

" သိသားပဲ ..ခဏစောင့်နော်ကိုကြီး "

ဆိုင်နောက်ခန်းသို့ပြေး၀င်သွားသော Yiren ‌ကိုကြည့်ရင်းသူပြုံးမိလိုက်သည်။ ဆိုင်ကလူတွေထဲအငယ်ဆုံးလေးမို့ကလေးမကနဲနဲဆိုးချင်သည်။ဆတ်ဆတ်ထိမခံလေးးသို့ပေမယ့် အလုပ်လုပ်ရာတွင်သွက်သွက်လက်လက်လေးမို့ အားကိုးရသည်။

" ရော့..ကိုကြီးအတွက် "

လက်ထဲထိုးထည့်လာသော sandwich တစ်ခုနှင့် Americano လေးတစ်ဘူးး

" မားမားက ဒီနေ့ sandwich အများကြီလုပ်ထားလို့ ဆိုင်ကလူတွေစားဖို့ပါထည့်ပေးလိုက်တာ..americano ကတော့ ကိုကြီးသူငယ်ချင်းဆိုင်က ယူလာတာ ကိုကြီးနောက်ကျတာမနက်စာမစားရသေးမှန်းသိလို့တဲ့ "

" ကျေးဇူးပါ ကောင်းကောင်းစားပါ့မယ် "

"အမယ်..အမယ် ညီမလေး yirenက ကိုကြီး Hee ကိုပဲကွက်ကျွေး‌ပြီး ဒီကအမကြီးကိုတော့ချန်ထားတယ်ပေါ့ "

THE END (အဆုံးသတ်)Where stories live. Discover now