Part -6

295 35 6
                                    


" အမြဲတမ်းလက်နဲ့ အလုပ်ကမပျက်ဘူးနော် ဟျောင့်ရေ..ဒီဘက်ဆိုင်ကိုလဲလာပါအုံးဟ "

Cafe ဆိုင်ကိုတောင်သူမရောက်ဖြစ်တော့တာကြာပေါ့။

" အားရင်လာခဲ့ပါမယ်ကွာ..အခုတော့အလုပ်ရှုပ်နေတယ်.ဝိုင်းလုပ်မှာလားးမလုပ်ရင်ပြန်တော့ "

အရမ်းကိုတော်သည့်သူငယ်ချင်းလေးး
တခါတလေလေးရောက်လာသည်ကို တစ်ခုခုကျွေးမည်မစဉ်းစားး ဝိုင်းမလုပ်ရင်ပြန်ဝောာ့တဲ့ ရိုက်ချင်စရာလေးး.

" အေးးအေး ဝိုင်းလုပ်ပါ့မယ်ဟာ..ငါ့ဆိုင်ကိုတော့ အလုပ်သမားနဲ့လွတ်ထားတယ် "

နှစ်ယောက်သားအရင်ကအကြောင်းတွေကိုပြန်ပြောကြရင်း အော်ဒါကိုအဆင့်သင့်ဖြစ်စေရန် တက်ညီလက်ညီလုပ်နေကြသည်။

နေ့လည်အတန်းတက်နေရင်း အိတ်ထဲမှ ဖုန်း ringtoneသံကြောင့် ဆွဲထုတ်လိုက်သည်။ မားမားဆီကပင်..

" မစ်မစ်ရေ..နေ့လည်လောက်ကျရင် မားမားကိုပန်းစည်းလေးသွားယူပေးပါလား..မာမားမှာထားပြီးပြီ မားမားမိတ်ဆွေဆီအလည်သွားရင် လက်ဆောင်အဖြစ်ယူသွားချင်လို့ "

ပုံမှန်အချိန်ဆို ကျွန်တော့်ကိုသားလို့ခေါ်တတ်ပေမယ့် ခိုင်းစရာရှိပြီဆိုလျှင်ကျွန်တော့်ကို မစ်မစ်လို့ ခေါ်တတ်သည်။

"သားး ပျင်းပါတယ်ဆိုမားမားရာ..ခိုင်းဖို့ဆိုတာကြီးပဲ "

" မားမားကိုသွားယူပေးရင်..သားလိုချင်တဲ့ အသစ်ထွက်ထားတဲ့ Diro ဖိနပ်၀ယ်ပေးမယ် ဘယ်လိုလဲ..သွားယူပေးမှာလားး "

အသစ်ထွက်ထားသည့် ဖိနပ်ကိုသူလိုချင်မှန်း မားမားသိသည်။ထို့ကြောင့်ဈေးလာခေါ်နေခြင်းဖြစ်သည်။

" မားမားကတိတည်ပါစေနော် ..လိပ်စာပြော အာ့ဆို "

"Eulji-ro 20-gil   04548 "

" ယူပြီးတစ်ခါထဲလာပို့နော် ကြားရဲ့လားး မကြေစေနဲ့ "

" ဟုတ်ကဲ့ပါခင်ဗျ "

အတန်းချိန် 2ချိန်တောင်ကျန်သေးသည်မို့ နောက်တစ်ချိန်ကို သူလစ်ထွက်လိုက်မည်။မြန်မြန်သွားရလေ ကောင်းလေပါပဲ။

THE END (အဆုံးသတ်)Where stories live. Discover now