Part - 3

312 39 9
                                    


" ဟဲ့သားး ဒါကဘယ်တုန်းး "

သူမဧည့်ခန်းထဲစာအုပ်ထိုင်ဖတ်နေတုန်း အိမ်ပေါ်ထပ်မှဆင်းလာသော သားတော်မောင်လေးး Shirt အဖြူရောင်လေးကိုမှ ဒူး‌ လောက်ရှိသောဘောင်းဘီအမဲရောင်ဖြင့်တွဲ၀တ်ထားသည်မှာ modelပေါက်စလေးအတိုင်းပင်

" သား Park Jayတို့နဲ့ချိန်းထားလို့ အခုသွားမှရမှာ "

" အော် အေးအေးသွားလေ "

" မားမားကလဲ မုန့်ဖိုးပေးအုံးလေ "

ကလေးတယောက်လို သူမပေါင်ပေါ်သို့လှဲချပြီးကပ်ချွဲနေသော အသဲနှလုံးလေးး တစ်ခုခုလိုချင်ပြီဆိုလုပ်နေကြပင် သူမနဲ့ဆိုအရပ်ကြီးနှင့်မလိုက်အောင် ချွဲနေသောသားလေး
ကိုကြည့်ရင်း သူမတွေးမိသည်။

" အင်းးငါ့သားလေးတောင်အရွယ်ရောက်လာနေပြီ ဒါမဲ့ ငါ့မျက်လုံးထဲတော့ကလေးပဲ "

" ပြောပါအုံးး ဘယ်လောက်ယူမှာလဲ "

" သား ကဒ်ထဲလွဲပေးထားနော် သားကားမောင်းပြိုင်မလို့ အများကြီးမဟုတ်ပါဘူးး won 10သိန်းထဲပါ ဟီးး "

" သားနော် ပိုက်ဆံကိုလဲကြည့်သုံးပါအုံးးမားမားကစေတနာမရှိလို့ပြောနေတာမဟုတ်ဘူးသားအကျင့်ပျက်မှာဆိုးလို့ "

" သားသိပါတယ် ..သွားတော့မယ်မားမားရာ နောက်ကျနေပြီ "

သားလေးတယောက်မွေးမိပါ‌တယ် တစ်ခါမှအိမ်ကိုကပ်တယ်မရှိဘူးး။ဘယ်တော့မှ ကုမ္ပဏီအလုပ်တွေကိုသင်ပေးရမှန်းမသိတော့ပါ။  အိမ်ပြင်ဘက်သို့ထွက်သွားသော သားကိုကြည့်ရင်းသူမသက်ပြင်းသာချမိတော့သည်။

ကွင်းပြင်သို့တရွေ့ရွေ့မောင်းနှင်လာသော ပြိုင်ကားအနီလေး၀င်လာသည်နှင့်တစ်ပြိုင်နင် အော်ဟစ်သံများဖြင့်ဆူညံသွားသည်။

" အမြဲတမ်းနောင်ကျနေတော့တာပဲနော် Park sunghoon .အချိန်မှီရောက်တဲ့နေ့များရှိပါအုံးမလား "

Ni-Ki ကစိတ်တိုတိုနှင့်အော်ပြောလိုက်သည်။

" နှစ်ကောင်လုံးစကားများမနေကြနဲ့တော့ ပြိုင်ပွဲကစတော့မှာ.. Sunghoon အဆင်သင့်ဖြစ်နေပြီလားး နင်ကလဲ Ni-Ki ပြောရင် ပြောချင်စရာပဲ ချိန်းတိုင်းနောက်ကျ "

THE END (အဆုံးသတ်)Where stories live. Discover now