မှာထားသောဆိုင်သို့ သူရောက်လာခဲ့ပေမယ့်ထို costumer ၏ဆိုင်ကလူနဲနဲကျနေသည်မို့ သူ vespa ပေါ်မှမဆင်းသေးပဲ စောင့်နေလိုက်သည်။ နာရီ၀က်လောက်စောင့်ပြီးသော် ဆိုင်အတွင်းမှ အသက်လတ်ပိုင်းအရွယ်လူတစ်ယောက် ခပ်သုတ်သုတ်လေးထွက်လာတာကိုမြင်လိုက်ရသည် ဋဋ။" ဟို..အားနာလိုက်တာ ငါ့ညီရေ..အကြာကြီးစောင့်ခိုင်းလိုက်ရလို့ "
" ရပါတယ်အစ်ကို အော် ... ဒါနဲ့ဒီထဲလက်မှတ်လေးတစ်ချက်လောက်ထိုးပေးပါလားး "
သူလဲ စာရွက်နှင့် ဘောပင်လေးကိုကမ်းပေးလိုက်သည်။
" ဟုတ်ပြီ ဟုတ်ပြီ "
" အကိုကပန်းကိုအများကြီးသဘောကျတာလား အများကြီး၀ယ်လို့ "
" ကြိုက်တယ်လို့လဲမဟုတ်ပါဘူးဒီတိုင်းတစ်စုံတစ်ယောက်ကြောင့်ပါ သူကပန်းတွေကိုတအားသဘောကျတာလေ အခုတော့သူလဲမရှိတော့ပါဘူးး ပန်းတွေကိုကြည့်ရင်းအလွမ်းများေလျာ့နိုင်မလားလို့ပါ အဟက် "
မျက်လုံးထဲနာကျင်မှုအပြည့်ဖြင့် လေးလေးနက်နက်ပြောနေသည်ကိုသူမြင်နေရသည်။
" တောင်းပန်ပါတယ်အစ်ကို..ကျွန်တော်ကြောင့်"
" ရပါတယ်ညီလေးရာ ..ရော့ ဒီမှာညီေလးပိုက်ဆံ "
ပိုက်ဆံလဲရှင်းပြီးပြီဆိုတော့သူလဲ မှာထားသောခြင်းထဲမှပန်းများကို ဆိုင်ထဲသယ်ထည့်ရန်တစ်မျိုးချင်းစီယူထုတ်နေသည်။
" ဝူးးး ဝူးး ကျွီ .. "
အရှိန်ဖြင့်မောင်းလာသည့် Park Sunghoon၏ကားကလေးသည် မီးနီကြောင့်ချက်ချင်းပင်ရပ်တန့်သွားသည်။
" ဟာကွာ..ဒီမီးပွိုင့်ကတော့ "
သူလဲစိတ်တိုတိုဖြင့် မီးနီကိုစောင့်ရင်း လမ်းဘေးကဆိုင်လေးတစ်ဆိုင်ဆီသို့ အကြည့်....
သူရဲ့ကမ္ဘာကြီးခေတ္တမျှရပ်တန့်သွားသည်။ဆိုင်ရှေ့၌ပန်းများကို ထုတ်ကာရယ်မောရင်းစကားပြောနေသော အမျိုးသားတစ်ယောက်.. အဝေးကကြည့်တာတောင်ချောမောမှုကမှေးမှိန်မသွားး
ရိုးရိုးရှင်းရှင်းလေး၀တ်ထားပြီး apron မဖြုတ်ထားတာတောင် သည်လောက်ကြည့်ကောင်းနေသည်။
ကြည့်ရတာတော့သူနှင့်ရွယ်တူလောက်ဖြစ်နိုင်သည်။ အရပ်ကလဲသူ့လောက်နီးနီးရှိသည်။ မထူလွန်းမပါးလွန်းေသာ မျက်ခုံး ၊ နှာတံချွန်ချွန် ၊ jawline ကြီးကလဲ ထင်းလို့.. ရှေ့ဆံပင်ပျော့ပျော့လေးကလဲနဖူးပေါ်သို့ဝဲကျနေသည်။ သူ့စိတ်ထဲ မျက်တောင်ခတ်ရမှာတောင် အချိန်ဖြုန်းမိသလိုခံစားရသည်တဲ့လေ..
YOU ARE READING
THE END (အဆုံးသတ်)
Fanfiction~ မင်းကိုငါမချစ်ခဲ့ဘူးလို့မပြောနဲ့ ငါမင်းကို ဘယ်လောက်ထိချစ်ခဲ့သလဲဆိုတာငါ့ကိုငါအသိဆုံးမို့ ..ဒီလိုဆက်လုပ်နေမယ်ဆိုရင်ငါမင်းဆီကနေထာဝရထွက်သွားမိတော့မယ် အခုငါ့အချစ်တွေကလေ အဆိပ်ဖြစ်သွားပြီဟွန်းး ဘာလို့လဲသိလား အရမ်းချစ်ခဲ့လို့ အရမ်းချစ်ခဲ့လို့... ...