Part - 8

262 28 10
                                    

Park Sunghoon တစ်ယောက် cafe ဆိုင်၀င်၀င်ချင်း vanilla latte တစ်ခွက်မှာလိုက်သည်။ထို့နောက်ပန်းဆိုင်ဘက်သို့မျက်နှာမူကာ မြတ်နိုးရသူကိုတစိမ့်စိမ့်ငေးကြည့်နေမိသည်။ cafe ဆိုင်နှင့်ပန်းဆိုင်က မှန်များဖြင့
ဆိုင်ရှင်အစ်ကိုကြီးက မှာထားသည်များလာချ‌‌နေစဉ် သူမေးလိုက်သည်။

" ဒီကအစ်ကိုက..ဟိုပန်းဆိုင်ဆိုင်ရှင်နဲ့သိတာလားး "

" အေးလေ . "

" သူကပန်း‌တွေကိုသဘောကျလို့ဖြစ်မယ်နော် ပြုံးနေလိုက်တာများ "

" အဲ့တာတော့ဟုတ်တယ်..သူက Lavenderပန်းကိုအကြိုက်ဆုံးလေ "

" နာမည်က... "

" နာမည်က Lee Heeseung အသက်က 21
တစ်ယောက်ထဲနေတာ ရည်းစားလဲမရှိဘူး ဘာဆက်သိချင်သေးလဲ မင်းး"

ဒီအစ်ကိုကတော့ ကျွန်တော်ပင်ထပ်မမေးလိုက်ရ ။စိတ်မရှည်တော့လို့ဖြစ်မည် တရစပ်ဖြေချလိုက်တာများး

" ဟာ..ရ ရပါပြီ ဘာမှမဟုတ်တော့ပါဘူးး "

" ဒါနဲ့ ဟျောင့်..မင်းကဘာလို့မေးတာလဲ "

" ဒီတိုင်းသိချင်လို့မေးကြည့်တာ ဟဲ ဟဲ "

" အာ့ဆိုလဲ ပြီးတာပါပဲ "

ဆိုင်ရှင်အကိုထွက်သွားသည်နှင့် ကျွန်တော်လဲအတွေးတို့ကိုနယ်ချဲ့နေမိသည်။

" 21 နှစ်ဆို‌‌တော့ငါ့ထက်ကြီးတာပဲ.. ငါကရွယ်တူမှတ်နေတာ
ဒီနေ့ကစပြီးကိုကိုကကျွန်တော့အပိုင်ပဲ ကိုကိုနဲ့နီးစပ်ဖို့ကျွန်တော်ဘာမဆိုလုက်တော့မှာ
ကိုကို့ဘ၀ထဲကိုကျွန်တော်၀င်လာတော့မယ်နော်..ကျွန်တော့ရဲ့တစ်ဦးတည်းသော ကိုကိုရေ "

သောက်လက်စကော်ဖီဘူးကိုယူကာ ဆိုင်ကိုကျောခိုင်းပြီးထွက်ခဲ့တော့သည်။ ထို့နောက် ပန်းဆိုင်လေးဆီသို့....

" Lavender ပန်းတစ်ပွင့်၀ယ်ချင်လို့ပါ "

" တောင်းပန်ပါတယ် တစ်ပွင့်ချင်းဆီမရောင်းရောင်းးးဟင်..မင်းး"

" ဘာလို့လဲ ကိုကိုကလဲ ..ကျွန်တော်ကတစ်ပွင့်ပဲ ၀ယ်နိုင်တာ "

" မင်းလိုသူဌေးသားကလေ "

" ဟာ..ကျွန်တော်သူဌေးသားမဟုတ်ပါဘူးး..ခုပဲအိမ်ပေါ်ကနေဆင်းလာတာ သွားစရာလဲမရှိဘူး ကျွန်တော့်ကိုသနားပါနော် ကိုကို "

THE END (အဆုံးသတ်)Where stories live. Discover now