-1-

14.8K 768 5
                                    

Unicode


အရှိန်မှန်မှန်နဲ့ ပြတင်းပေါက်ကို လာရောက်ထိမှန်တဲ့ မိုးစက်တွေ ။

နေ့လည်ဘက်လို့ထင်ရက်စရာမရှိအောင် ညှို့မှိုင်းလွန်းနေတဲ့ကောင်းကင်အခြေအနေ ။

လေပြင်းတစ်ချက်ဝှေ့လိုက်တိုင်း ဒုတိယနှစ်တန်းခွဲ(၁) ဆိုတဲ့ class sign board လေးက ရှေ့နောက်ယိမ်းထိုးနေတယ် ။

နေ့လည်စာစားချိန်ဖြစ်တာကြောင့် တစ်ယောက်စနှစ်ယောက်စကလွဲလို့ စာသင်ခန်းထဲလူရှင်းနေတယ် ။

အင်း ။ ဒီလိုအခြေအနေတွေကို ဝမ်ရိပေါ်သိပ်သဘောတွေ့တာ ။

အတန်းနောက်ဆုံးမှာထိုင်ရင်း ပြတင်းအပြင်ကို အကြောင်းပြချက်မရှိငေးကြည့်နေမိတယ် ။ နောက်တော့ Playlist ထဲက တစ်စုံတစ်ယောက်ခပ်တိုးတိုးညည်းပြဖူးခဲ့တဲ့အဆွေးသီချင်းတစ်ပုဒ်ကို သူသတိရသွားတယ် ။ ဒီရာသီ ဒီဥတုနဲ့ အဆွေးဓာတ်ခံသီချင်းမှမလိုက်ရင် ဘယ်အရာကလိုက်ပါလိမ့်ဦးမလဲ ။

မျက်လုံးစုံမှိတ်ရင်း သီချင်းကိုအာရုံအပြည့်စိုက်လိုက်တော့ နားကြပ်ကကြားနေရတဲ့ မူရင်းအဆိုတော်ရဲ့အသံက ဩရှရှ ။

သူတစ်ခါခိုးနားထောင်ဖူးတဲ့အသံလေးကတော့ ကြည်လင်နွေးထွေးလှတဲ့အသံခပ်အေးအေး ။

တကူးတကကြီးအတွေးရောက်တယ်မဟုတ်ပေမယ့် တစ်ခါတစ်ခါလဲ ထိုသူဘယ်များရောက်နေမလဲသိချင်မိရက်သားပါပဲ ။

စစ်ရန်မို့ဆီကတစ်ခါကြားဖူးတဲ့ ချုံချင်းကဇာတိကိုပဲပြန်သွားပြီလား ၊ ပေကျင်းမှာပဲဆက်ရှိနေသေးလား သူမပြောတတ် ။

သေချာတာကတော့ မတွေ့ရတဲ့တစ်နှစ်ကျော်အတွင်းမှာ တိုက်ဆိုင်တိုင်း နှုတ်ခမ်းအောက်ကမှည့်နဲ့လူကို သူသတိတော့ရပါရဲ့လေ ။

"ရိပေါ် ဘာတွေနားထောင်နေတာလဲ? ငါလဲနားထောင်မယ်"

ရုတ်တရက်ဆိုသလို ဆွဲယူခံလိုက်ရတဲ့နားကြပ်တစ်ဖက် ။

စိတ်ရှုပ်စွာမျက်မှောင်ကျုံ့ကြည့်တော့ တရားခံဖြစ်သူက သူမဟုတ်သလိုလာရယ်ပြနေတယ် ။

ကျစ် ! စစ်ရန်မို့ကိုမကြိုက်တဲ့အထဲမှာ အဲ့လိုအပြုအမူတွေထိပ်ဆုံးကပါပဲ ။ တစ်ဇွတ်ထိုး ဇိုးဇိုးဇက်ဇက်လုပ်တတ်တာတွေ ။

Wallpapers (Completed)Where stories live. Discover now