-17-

4.3K 551 14
                                    

Unicode


"ရောက်တာကြာပြီလား"

"အခုလေးတင်ဘဲ"

"အော်"

ဒီနေ့ ရှောင်းကျန့်က ပုံမှန််ဝတ်နေကျဘောင်းဘီရှည်ဝတ်မလာဘဲ ဒူးအတိဘောင်းဘီအပွလေးတစ်ထည်သာဝတ်လာခဲ့တယ် ။ အင်္ကျီကိုလဲ လွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းက စစ်ရန်မို့ကိုယ်တိုင်သူ့အတွက်မွေးနေ့လက်ဆောင်ပေးထားဖူးတဲ့အင်္ကျီဒီဇိုင်းမျိုးမရမကပြန်ရှာဝတ်လာခဲ့တာဖြစ်တယ် ။

သူ့အဝတ်အစားကိုမြင်တာနဲ့တင် လှပ်ခနဲတုန်လှုပ်သွားတဲ့စစ်ရန်မို့မျက်ဆံတွေကိုကြည့်ရတာပျော်ဖို့ကောင်းလိုက်တာ ။

သားကောင်ကိုမသတ်ခင် အပီနှိပ်စက်တော့မယ့် မုဆိုးရိုင်းအသွင်နဲ့ ရှောင်းကျန့်စိတ်ထဲကျိတ်ပြုံးနေခဲ့တာ စစ်ရန်မို့လဲရိပ်မိမယ်ထင်ပါရဲ့ ။

"ဆိုတော့.. မင်းကိုစစ်ရန်မို့လို့ပဲနာမည်တိုက်ရိုက်ပြန်ခေါ်မယ်.. ဖြစ်တယ်မလား?"

စစ်ရန်မို့က သူ့စကားကြောင့် ဆတ်ခနဲဖြစ်သွားပြီးမှခေါင်းညိတ်ပြတယ် ။ ကြားထဲမှာသာ ဘာကိစ္စမှမရှိခဲ့ရင် တစ်နှစ်တည်း တစ်တန်းတည်းတက်ရမှာချင်းအတူတူကို သူ့ကိုမတော်တဆဖြစ်စေပြီးကျောင်းတစ်နှစ်အောက်စေခဲ့တဲ့ စစ်ရန်မို့ကိုစီနီယာလို့ခေါ်ရမှာရွံ
တယ် ။

"ဒါဆို သွားကြတော့မလား .. ခပ်စောစောသွားမှကလေးတွေထမင်းစားချိန်မှီမယ်ထင်တယ်နော်.."

ခပ်ပြုံးပြုံးစိုက်ကြည့်နေမိတဲ့ရှောင်းကျန့်ကိုမရင်ဆိုင်ရဲတော့သလိုမျိုး စစ်ရန်မို့က စကားရှောင်လွှဲတယ် ။

ဟက် ။ မျက်နှာပြောင်ရဲလိုက်တာ ။ သတ္တိတွေရှိနေလိုက်တာ ။ ဒီကြားထဲတော်တော်ကိုပျော်နေခဲ့မှာပေါ့ ။

"ကားရောက်ပြီ"

စစ်ရန်မို့က အကြောင်းမရှိအကြောင်းရာရင်း သူစိုက်ကြည့်နေသမျှကွယ်ဝှက်ဖို့ကြိုးစားနေခဲ့တယ်။

ဟိုအရင်ချိန်တွေတုန်းကလို နှစ်ယောက်သား လူပြည့်နေတဲ့ bus ကားထဲတိုးတိုးကျပ်ကျပ်ဝင်စီးလိုက်ကြတယ် ။ မိဘမဲ့ဂေဟာက မြို့ပြင်နားမှာရှိတာကြောင့် အနည်းဆုံးတစ်နာရီလောက်တော့ကားစီးရဦးမှာ ။

Wallpapers (Completed)Where stories live. Discover now