-2-

5.6K 667 12
                                    

Unicode


"အကို့နာမည်က ဟန်ကျိုး ။ အကိုက ဒီ club ရဲ့ခေါင်းဆောင် ။ သူတို့က မင်းတို့ကိုကူညီပေးမယ့်စီနီယာတွေ ။ မင်းတို့မေးချင်တာတွေ သိချင်တာတွေအကုန် အကိုတို့ကိုအားမနာတမ်းမေးလို့ရတယ်"

Study club ပထမဆုံးနေ့မှာ EC က တစ်ဖွဲ့လုံးကို လိုက်မိတ်ဆက်ပေးနေတယ် ။ ဂျူနီယာတွေကတစ်ယောက်တစ်ပေါက်သိချင်တာတွေမေးနေကြပေမယ့် ဝမ်ရိပေါ်အဲ့ဘက်ကိုအာရုံသိပ်မရ ။ သူ့အာရုံအလုံးစုံက လက်တစ်ကမ်းမှာထိုင်ရင်း EC ပြောသမျှ ခေါင်းညိတ်ခေါင်းခါလုပ်နေတဲ့လူသားဆီမှာသာ ။

"ဝမ်ရိပေါ်.."

"......."

"မင်းမိတ်ဆက်လိုက်ဦးလေ သူတို့နဲ့"

စကားဝိုင်းမှာအာရုံရှိမနေတဲ့သူ့ကို EC က လက်လာတို့တယ် ။ ဒီတော့မှ သူ့အာရုံတွေ ဒီဘက်ပြန်ရောက်လာတော့တယ် ။

ကျစ်  .. ဝမ်ရိပေါ်  ဘယ်လိုတောင် အမူအရာတွေပျက်နေရတာလဲ ။ စိတ်ထိန်းစမ်း ။

"ကိုယ့်နာမည်ဝမ်ရိပေါ် .. study club မှာ တစ်ထောင့်တစ်နေရာက ကူညီပေးရုံပါပဲ .. ကိုယ့်အသင်းထဲကျမယ့်ဂျူနီယာတွေကိုယ့်ကိုရင်းရင်းနီးနီးပြောလို့ရတယ်"

မိတ်ဆက်စကားအဆုံး အကျင့်ဖြစ်နေတဲ့မျက်လုံးအစုံက ထိုလူသားကိုမသိမသာအကဲခတ်မိလျက်သား ။

သူက ကိုယ့်ကိုကြည့်မနေခဲ့ပေမယ့် တစ်ခုခုငုံ့လျှိုးရင်းခိုးပြုံးနေတယ်ထင်ရတဲ့နှုတ်ခမ်းတွေ ။

ပြန်တွေ့ရမယ်မထင်ထားတဲ့ထိုလူသားက တကယ်ပဲ သူတစ်ချိန်ကသိခဲ့ဖူးတဲ့ရှောင်းကျန့် ။ အင်း.. ။ အခုထိ သူ့ကိုစေ့စေ့ကြည့်မလာပုံထောက်ရင် သူ့ကိုပဲမမှတ်မိတော့တာလား ၊ မသိချင်ယောင်ဆောင်နေတာလား မပြောတတ် ။ သူသိဖူးခဲ့တဲ့ရှောင်းကျန့်က မာနထိပ်ခေါင်မင်းသားလေ ။

"ဟာ.. စီနီယာဝမ်ရိပေါ်ရဲ့အသင်းထဲကျချင်လိုက်တာ ။ စီနီယာက အရမ်းချော"

"The whole king အဖွဲ့ထဲဘာလို့မရောက်ရတာလဲ ။ စီနီယာဝမ်ရိပေါ်စာသင်ပေးတာပဲလိုချင်တာလို့"

ရင်းရင်းနီးနီးမိတ်ဆက်ပြီးကြတော့ တစ်ယောက်တစ်ပေါက်ရေရွတ်နေကြတဲ့ကျောင်းသူတွေ ။ တစ်ခြားစီနီယာတွေကလဲ 'မင်းအဲ့လောက်တောင်စွံတယ်လား'ဆိုတဲ့သဘောနဲ့ ဝမ်ရိပေါ်ကို စပ်ဖြဲဖြဲနဲ့ကြည့်နေကြတယ် ။

Wallpapers (Completed)Where stories live. Discover now