-4-

4.4K 602 9
                                    

Unicode


မထူးခြားတဲ့ ကျောင်းတက်ရက်တွေပါဘဲ ။

ကွက်ပြီးထူးခြားတာဆိုလို့ ရှောင်းကျန့်နားရောက်တာနဲ့ကိုသိသိသာသာပြောင်းလဲလာတဲ့သူ့ရဲ့စိတ်အခြေအနေပဲရှိမယ် ။

"ရှောင်းကျန့် စာမှာအာရုံထားစမ်း"

"ဆောရီး စီနီယာ"

အခုရက်ပိုင်း ရှောင်းကျန့်ကိုမြင်တိုင်း တစ်ခုမဟုတ်တစ်ခုစကားစပြောချင်နေမိတယ် ။ သူ့ကိုမော့ကြည့်တတ်တဲ့မျက်လုံးရွဲကြီးတွေမှာမြင်ရတဲ့သူ့ပုံရိပ်ကိုလဲ ဝမ်ရိပေါ်မသိစိတ်ကနေသဘောကျလာတတ်တယ် ။

အခုလဲ စိတ်တိုတိုနဲ့မာန်မဲလိုက်ပြီးခါမှ မသိမသာနှုတ်ခမ်းဆူလာသူကြောင့် ဝမ်ရိပေါ်စိတ်ထဲအမျိုးအမည်မသိတဲ့ခံစားချက်တွေပေါ်လာတယ် ။

ဒီရက်ပိုင်း ဘာဖြစ်မှန်းမသိ ဝမ်ရိပေါ်အတွေးထဲ တစ်ခုခုဆိုရှောင်းကျန့်ကထိပ်ဆုံးကရောက်ရောက်လာတယ် ။

"အာ.. မေ့နေတာ စီနီယာ့ white coat ပြန်တောင်မပေးရသေးဘူး .. နောက်နေ့သေချာပြန်ယူခဲ့မယ်နော် စီနီယာ"

အပြစ်ကင်းတဲ့မျက်နှာထားနဲ့ တစ်ပတ်အတွင်းမှာတင် ထိုစကားကိုလေးခါမြောက်ပြောလာခဲ့တဲ့ရှောင်းကျန့်ကို သူအကဲခတ်မိသားပါဘဲ ။ ဒုတိယအကြိမ်သူ့ရှေ့ပြန်ရောက်လာတဲ့ရှောင်းကျန့်က အရမ်းနက်နဲတဲ့ပုစ္ဆာတစ်ပုဒ်လိုပဲ ။ သူကိုယ်တိုင်အဖြေရှာရင်စနဲ့တင် လမ်းပျောက်နေရသလိုခံစားချက်မျိုး ။

အခုလဲ သူပေးထားတဲ့စာပုဒ်ကို နှစ်ယောက်သားခေါင်းချင်းဆိုင်တီးတိုးရေရွတ်နေကြတဲ့ရှောင်းကျန့်နဲ့ ပထမနှစ် King ကြောင့် သူ့စိတ်ထဲဘာကိုအလိုမကျမှန်းမသိ ။ ဒီကြားထဲ ရှောင်းကျန့်ပုခုံးကိုမလွတ်တမ်းကိုင်ထားတဲ့ဟိုကောင့်လက်တွေကြောင့် ဝမ်ရိပေါ်အံတင်းတင်းကြိတ်လိုက်မိတယ် ။

"အဲ့ coat က မင်းဆီမှာဆိုတာသေချာလား"

နောက်ဆုံးတော့မနေနိုင်ပဲ သူထုတ်မေးမိပြီ ။ ဟုတ်တယ် ။ သူတကယ်ကိုပဲ အဲ့ coat တစ်ထည်ကြောင့် ဒီရက်ပိုင်းစိတ်သောကရောက်နေခဲ့ရတာ ။

Wallpapers (Completed)Where stories live. Discover now