-19-

4.3K 545 12
                                    

Unicode



Tutorial တွေက ဒီရက်ပိုင်းဆက်တိုက်ဖြစ်လာတော့ ရှောင်းကျန့်အအိပ်အစားမမှန်ဖြစ်လာတယ် ။ ဘယ်လောက်ပဲဒီစာတွေကိုသင်ဖူးခဲ့တယ်ပြောပြော ဆေးစာတွေဆိုတာ နည်းနည်းလေးတောင် လွယ်ကူတဲ့အရာမဟုတ်ဘူးလေ ။ ဒီလိုမျိုး tuto တွေ presentation တွေဆက်လာတဲ့အပတ်တွေများလာရင် သူ့မျက်ကွင်းညိုတဲ့အထိကို စာတွေဖတ်ရမှတ်ရတာဖြစ်တယ် ။

ဒါဟာ ဆေးကျောင်းသားတွေရဲ့စတိုင်ဆိုပေမယ့် ရှောင်းကျန့်ထိုသို့ထိခိုက်လွယ်တာကိုသဘောမကျပါ။  အရင်အချိန်တွေတုန်းကဆို ဒီလိုနေ့မအားညမအိပ်စာတွေကျက်ခဲ့ဖူးသည့်တိုင် သူ့ခန္ဓာကိုယ်က သင့်တင့်တဲ့ကိုယ်ခံအားရှိခဲ့သေးတယ် ။ တော်ရုံဆို သူက ဒူပေတာပေခံနိုင်ရည်ရှိခဲ့တဲ့ကောင်လေးပဲဖြစ်တယ် ။

အခုကျတော့ accident ဖြစ်ပြီးနောက်ပိုင်းမှာ သူ့ခန္ဓာကိုယ်ကအရင်ထက်အနည်းငယ်နုနယ်လာခဲ့တာဖြစ်တယ် ။ မိုးရေအနည်းငယ်မိတာနဲ့ နှာစေးတယ် ။ အဲယားကွန်းလေအကြာကြီးခံမိရင် ဖျားတယ် ။ ညဘက်တွေအိပ်ရေးပျက်တာတို့ ၊ အစားမစားမိဘဲစာတွေဖိလုပ်နေခဲ့တဲ့နေ့မျိုးဆို သိသိသာသာမူးဝေခြင်းတွေဖြစ်တယ် ။

သူအဲ့လိုတွေဖြစ်တိုင်း သူ့ကံကြမ္မာအပြင် တစ်ယောက်သောသူကို ခပ်တိတ်တိတ်ကျိန်ဆဲမိတော့တာပါဘဲ ။

"ဟက်ချိုး"

အခုလဲ စာကြည့်တိုက်မှာစာထိုင်လုပ်နေပေမယ့် လူကသာခွေယိုင်ဖြစ်နေပြီ ။ နှာတွေအရမ်းမွှန်နေပြီး မျက်ခမ်းတွေအရမ်းစပ်နေပုံအရ သူသိလိုက်ပြီ ။

'ဒီတစ်ခေါက်တော့တကယ်ဖျားပြီ'

ဒီနေ့မှပဲ စာကြည့်တိုက်မှာဖွင့်ထားတဲ့အဲယားကွန်းကပိုအေးနေသယောင် ။ practical ချိန်မပါလို့ lab coat မပါလာတဲ့သူ့အဖို့ ခါတိုင်းလိုအပိုဆောင်နေကျအနွေးထည်ခပ်ပါးပါးတောင်မပါလာခဲ့တာကြောင့်စိတ်ညစ်သွားတယ် ။

ကျိန်းစပ်နေတဲ့မျက်ခွံတွေကိုအားယူဖွင့်နေရပေမယ့် အမြင်အာရုံတွေကတစ်ချက်တစ်ချက်ပြာတက်လာတဲ့အထိသူ့အဖျားသွေးအရမ်းကြီးနေခဲ့တယ် ။

ဒါဆိုလဲ ကျန်တဲ့အတန်းချိန်နှစ်ချိန်ကိုဆက်မတက်တော့ဘဲပစ္စည်းသိမ်းအိမ်ပြန်မယ်လို့စဉ်းစားပြန်တော့လဲ သူ့ခန္ဓာကိုယ်က တစ်လက်မလေးတောင်မလှုပ်ချင်လောက်အောင်အရမ်းအားအင်ကုန်ခမ်းနေခဲ့သလိုမျိုးကြီးခံစားနေရပါတယ် ။

Wallpapers (Completed)Where stories live. Discover now