-15-

3.9K 520 20
                                    

Unicode





"ရှောင်း...ကျန့်...."

နှုတ်ဖျားကထွက်လာတဲ့သူ့စကားသံက အဆုံးသတ်မှာအံ့ဩတုန်လှုပ်မှုနဲ့ဖျော့လျော့သွားခဲ့တယ် ။

ဒီမြင်ကွင်း ..

ဒီမြင်ကွင်းက ..

"အားးး shittt! "

ရင်ဘတ်ထဲဆို့နင့်လာတဲ့ခံစားချက်တွေကိုဖွင့်ဟထုတ်ရင်း နီးစပ်ရာနံရံတွေကိုလက်သီးနဲ့ထိုးချလိုက်မိတော့တယ် ။ လက်ဆစ်တွေပွန်းပဲ့နီရဲလာပေမယ့် လောလောဆယ် ဝမ်ရိပေါ်နှလုံးသားက ဒီထက်အဆများစွာနာကျင်မှုကိုအလူးအလိမ့်ခံနေရတယ် ။

ဘယ်တုန်းတည်းကလဲ ? ဘာလို့လဲ ? ဘာလို့ အဲ့ကောင်ကိုရွေးရတာလဲ ?

ခေါင်းထဲမှာမေးခွန်းတွေစီတန်းနေပေမယ့် ရှောင်းကျန့်ကို တိုက်ရိုက်မေးလိုက်ဖို့လဲမဝံ့ရဲ ။

အခုတောင် သူ့မျက်စိတစ်ကမ်းမှာတင် အချင်းချင်းပြုံးရွှင်ပြီးအနမ်းဖလှယ်တာကိုမြင်လိုက်ရတာ ။ မွေးနေ့ပါတီတုန်းက 'စီနီယာဝမ်ရိပေါ်ကိုမုန်းလိုက်တာ' ဆိုတဲ့ရှောင်းကျန့်စကားက တကယ်ကိုပဲသူ့ရင်ဘတ်ထဲကလာတဲ့စကားလား ။

ဒီရက်ပိုင်း သူ့ကိုသိသိသာသာရှောင်ဖယ်နေတဲ့ရှောင်းကျန့်အပေါ်သူဘာအမှားများလုပ်မိသလဲ ။ ကိုယ့်စိတ်ကိုယ်နားလည်ပြီးတဲ့နောက်ပိုင်းရှောင်းကျန့်နဲ့နီးစပ်ဖို့သာ သု့ဘက်ကချည်းခြေလှမ်းပြင်နေခဲ့ရတာသူ့လိပ်ပြာသူအသိဆုံး ။ အခု မျက်စိတစ်မှိတ်အတွင်းမှာတင် လောကကြီးကဘာတွေဖြစ်ပျက်သွားတာလဲ ။

"စီနီယာ ဝမ်ရိပေါ်"

ခါတိုင်းမျက်နှာချင်းဆိုင်ဖို့တောင်ခဲယဉ်းတဲ့ရှောင်းကျန့်က အခုမှပဲတိုက်တိုက်ဆိုင်ဆိုင်သူ့ကိုမြင်သွားပါတယ်တဲ့လေ ။ လှည့်ထွက်ဖို့ပြင်လိုက်ပေမယ့်လဲ ရတဲ့အခိုက်အတန့်လေးမှာတင် ရှောင်းကျန့်ရဲ့မျက်နှာနုနုကိုသူငေးကြည့်နေချင်သေးတဲ့ဆန္ဒလေးဖြစ်လာခဲ့တယ် ။ အတွေးနဲ့ထပ်တူကျစွာ ရှောင်းကျန့်အော်ခေါ်ရာကိုလှည့်ကြည့်လိုက်ပေမယ့် မြင်လိုက်ရနဲ့မြင်ကွင်းက သူ့ရင်ကိုနှစ်ဆပိုနာစေတယ် ။

Wallpapers (Completed)Where stories live. Discover now