-18-

4.5K 585 19
                                    

Unicode

ပထမနှစ်နဲ့ဒုတိယနှစ်ကျောင်းသားတွေကြား ဘတ်စကတ်ဘောပြိုင်ပွဲ ။

"ဝမ်ရိပေါ် ကျားရို့ !! "

"မင်ဟန် ကျားရို့ !! "

အတန်းနှစ်တန်းလုံးက king နှစ်ယောက်လုံး ဘတ်စကတ်ဘောအသင်းခေါင်းဆောင်တွေဖြစ်နေတာကြောင့် အားကစားကွင်းကြီးတစ်ခုလုံး အပြိုင်အဆိုင်အော်ဟစ်အားပေးသံတွေနဲ့ဆူညံလျက်ရှိတယ် ။

ကျောင်းတွင်းပြိုင်ပွဲဖြစ်တာကြောင့် မိမိတို့အတန်းအလိုက်ဆိုင်းဘုတ်တွေထောင်ပြီးအော်ဟစ်အားပေးနေကြတာပျော်စရာ ။

ဝမ်ရိပေါ်တို့ဒုတိယနှစ်ကိုအားပေးကြတဲ့အဖွဲ့တွေကအသင်းကိုယ်စားပြုအနီရောင်ကိုဝတ်ဆင်လာကြပြီး မင်ဟန်တို့ပထမနှစ်တွေကျတော့အပြာရောင်ကိုယ်စားပြုထားဝတ်ဆင်ထားကြတာဖြစ်တယ်။

အားလုံးက ဒီပွဲရလဒ်ကို အတိုင်းထက်အလွန်မျှော်လင့်နေကြတာ တကယ်တော့အကြောင်းရှိ၍ပင် ။

ဟိုတလောကမှ ဝမ်ရိပေါ်ရဲ့ ig story မှာတင်ထားတဲ့နောက်ကျောပုံပို့စ်က ပထမနှစ်ကရှောင်းကျန့်ရဲ့ပုံစံဖြစ်နေခဲ့တာကြောင့် ကျောင်းသူတွေကြားမှာထိုသတင်းက ဝက်ဝက်ကွဲရေပန်းစားသွားခဲ့ကြတာဖြစ်တယ် ။

တစ်ခါ မင်ဟန်ကလဲလူကြားထဲမှာရှောင်းကျန့်ကို propose လုပ်ဖူးတာကြောင့် king နှစ်ယောက်ပြိုင်လုကြမယ့်ရှောင်းကျန့်အဖြေကိုသူတို့နားစွင့်ချင်နေကြခြင်းသာ ။

ဒီနေ့ပွဲ result အရ ဝမ်ရိပေါ်နိုင်ရင် ရှောင်းကျန့်ကိုတရားဝင် propose လုပ်မယ်ဆိုပြီးသတင်းထွက်နေသလို မင်ဟန်နိုင်ရင်လဲ ရှောင်းကျန့်ဆီကတိကျတဲ့အဖြေတစ်ခုရမယ်ဆိုပြီးလဲပြောနေကြတာကြောင့် ကစားပွဲမှာလူပိုစည်နေခဲ့တာဖြစ်တယ် ။

*ကျစ် ဝမ်ရိပေါ် အာရုံစိုက်စမ်း*

ပွဲကြည့်စင်ထိပ်ဆုံးနားမှာခပ်လျှောလျှောထိုင်နေတဲ့အဝါရောင်အရိပ်လေးဆီမျက်လုံးခဏခဏရောက်နေမိတာကြောင့် ဝမ်ရိပေါ်ကိုယ့်ကိုယ်ကိုသတိပေးလိုက်တယ် ။

ဒီနေ့ပွဲရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့ရှောင်းကျန့်က ဝမ်ရိပေါ်အတင်းဖုန်းဆက်နှိုးထားလို့အိပ်မှုန်စုံမွှားနဲ့နိုးလာသည့်ပုံ ။ ပွဲမစခင်တုန်းက သူနဲ့ဆိုစကားတစ်ခွန်းဆိုတစ်ခွန်းကပ်စီးနည်းလွန်းနေခဲ့တဲ့ရှောင်းကျန့်ကမင်ဟန်လဲရောက်လာရော ပြုံးရွှင်သွားခဲ့တဲ့မျက်နှာလေးကဝင်းပပ ။

Wallpapers (Completed)Where stories live. Discover now