-13-

3.3K 441 10
                                    

Unicode


ချစ်ခြင်းရဲ့နောက်ကွယ်မှာ ပိုင်ဆိုင်လိုစိတ်ရှိကြတယ်တဲ့

ချစ်ရသူကိုအမြတ်တနိုးငေးကြည့်မယ် ချစ်ရသူရဲ့ကိုယ်သင်းနံ့လေးကိုရှူရှိုက်ရင်း အချင်းချင်းလက်ကလေးဆုပ်ကိုင်ကြမယ် တီတီတာတာစကားလေးတွေပြောရင်း တစ်ယောက်နဲ့တစ်ယောက်အနွေးထွေးဆုံးပြုံးပြမယ်

ချစ်ခြင်းတရားဟာ အပြန်အလှန်သက်ရောက်မှုသာရှိခဲ့ရင် တကယ့်ကို လှပခြင်းအဓိပ္ပာယ်ပဲ


*

စာရွက်လှန်သံကလွဲလို့ တိတ်ဆိတ်နွေးထွေးနေတဲ့စာကြည့်တိုက် ။

ငြိမ်ဆိမ်နေတဲ့လေထုထဲမှာပျံ့လွင့်နေတဲ့အချစ်အငွေ့အသက်တွေကို ရှောင်းကျန့်ခံစားကြည့်ဖို့ကြိုးစားလိုက်တယ် ။

သူ့ခပ်လှမ်းလှမ်းစားပွဲတစ်ခုံကျော်မှာ ဝမ်ရိပေါ်ရှိနေတယ်။ ခါတိုင်းလိုပဲ မပြောင်းမလဲတည်တင်းနေတဲ့မျက်နှာထားက ဘေးတိုက်အနေအထားမှာတင်ဆွဲဆောင်မှုရှိလွန်းနေတာကြောင့် ရှောင်းကျန့်ခိုးမငေးဘဲမနေနိုင်ခဲ့ဘူး ။

မှတ်စုမှတ်နေတဲ့လက်တွေက ယောကျ်ားဆန်ခြင်းအငွေ့အသက်တွေနဲ့အကြောပြိုင်းပြိုင်းထောင်နေခဲ့ပြီး မသွယ်လွန်းမတုတ်လွန်းတဲ့လက်ချောင်းရှည်တွေကအတော်ကိုလှတဲ့အထဲပါသည့်အမျိုးပင်။ မိမိရဲ့လက်ခပ်သေးသေးတွေကိုထောင်ကြည့်ရင်း ရှောင်းကျန့်စိတ်ဓာတ်ကျသွားတယ် ။ သူ့မှာကျအဲ့လိုယောကျ်ားဆန်တဲ့လက်ဖဝါးကြီးကြီးဘာလို့မရှိရတာလဲ ။ ဒါနည်းနည်းလေးမှ မတရားတာဘဲ။ 

လက်တွေကိုမှောက်လိုက်လှန်လိုက်စစ်ဆေးနေတုန်းမှာပဲ ခပ်လှမ်းလှမ်းကဝမ်ရိပေါ်က စာအုပ်စင်တွေနားထသွားတာမျက်လုံးထောင့်ကနေတွေ့လိုက်ရတယ် ။

သူတို့စာကြည့်တိုက်မှူးက စာအုပ်ရှာဖွေရလွယ်အောင် category အတိအကျကို အတန်းအလိုက်ဆိုင်းဘုတ်ချိတ်ပေးထားတာဖြစ်တယ် ။ ဝမ်ရိပေါ်ဝင်သွားတဲ့စာအုပ်စင်တန်းက chromosome အကြောင်းသီးသန့်ပြုစုထားတဲ့စာအုပ်တွေရှိတဲ့ဘက်ဖြစ်တာ ရှောင်းကျန့်မြင်လိုက်ရတယ် ။

Wallpapers (Completed)Where stories live. Discover now