-7-

4.2K 550 12
                                    

Unicode


ကျွီ~

စာကြည့်တိုက်ရဲ့မှန်တံခါးကြီးက တစ်ယောက်ယောက်တွန်းဖွင့်လိုက်တဲ့အရှိန်ကြောင့် တိတ်ဆိတ်နေတဲ့နေရာမှာအသံခပ်တိုးတိုးပေါ်ထွက်လာတယ် ။

လွယ်အိတ်ကိုကြိုးတစ်ဖက်တည်းလွယ်ထားတဲ့ဝမ်ရိပေါ်က လှည့်ကြည့်လာတဲ့စာကြည့်တိုက်မှူးကိုခေါင်းအသာဆတ်ပြလိုက်ရင်း အထဲကိုတိုးတိုးတိတ်တိတ်ဝင်လာခဲ့တယ် ။ သူ့လက်ထဲက စာတမ်းတွေတပွေ့တပိုက်ကို ခုံအလွတ်တစ်ခုမှတင်ခဲ့ပြီးမှ အခုထိမချွတ်ရသေးတဲ့ Duty coat အဖြူကိုသူတယုတယခေါက်လိုက်တယ် ။

'ပုခုံးဆိုဒ်ခပ်သေးသေးနဲ့ white coat လေးက တကယ်ချစ်ဖို့ကောင်းလွန်းတယ်'

အမှန်ပဲ ။ ဒီအင်္ကျီက ရှောင်းကျန့်ဆီကသူအစားပြန်တောင်းထားတဲ့အင်္ကျီလေး ။ သူသဘောကျလွန်းတာကြောင့် သူနဲ့အနည်းငယ်ကျပ်နေတဲ့ပုခုံးဆိုဒ်ကိုတောင်မမှုပဲ ရရင်ရသလိုထုတ်ဝတ်နေခဲ့တာတစ်ပတ်လောက်ရှိတော့မယ် ။ ရှောင်းကျန့်ကလဲ ဘာသိတ်ကူးပေါက်တယ်မသိ ၊ သူတောင်းလိုက်တာနဲ့ကိုတစ်ချက်မငြင်းဘဲ နောက်နေ့ချက်ချင်း သူ့လက်ထဲ ဒီအင်္ကျီလာထည့်ပေးသွားခဲ့တာ ။ ရှောင်းကျန့်ဆီက စစရခြင်းတုန်းကဆို ပန်းနံ့လိုလို နို့နံ့လေးလိုလိုအမွှေးဓာတ်တစ်ချို့ပါသူနမ်းရှိုက်မိသေးတယ် ။ တကယ်ကိုပဲ ရှောင်းကျန့်နဲ့ပတ်သတ်သမျှအရာတွေအကုန်လုံးက ဘာလို့မြတ်နိုးချင်စရာကောင်းနေရတာလဲလေ ။

ဝမ်ရိပေါ် အချိန်လဲသိပ်မရတာကြောင့် ထိုင်္အကျီလေးကိုလွယ်အိတ်ထဲပြန်ခေါက်သိမ်းလိုက်တယ် ။ ပြီးတာနဲ့ သူရှာရမယ့်စာအုပ်တွေအတွက် စာရင်းပြုစုထားတဲ့ notes အပိုင်းလေးကိုစာအုပ်ကြားကထုတ်လိုက်တယ် ။

'Bone morphology'

'Bone cells'

Category အတိအကျနဲ့သေသေသပ်သပ်စီထားတဲ့အရိုးအကြောအကြောင်းစာအုပ်တွေနားရောက်တော့သူလိုချင်တာကိုခပ်သွက်သွက်ရှာလိုက်တယ် ။ ကံမကောင်းချင်တော့ သူလိုချင်တဲ့စာအုပ်နှစ်အုပ်မှာတစ်အုပ်ပဲရှာတွေ့တယ် ။ ကြည့်ရတာသူ့နည်းတူ တစ်ခြားစာတမ်းလာရှာတဲ့ကျောင်းသားတစ်ယောက်ဦးသွားပြီထင်ပါရဲ့ ။

Wallpapers (Completed)Where stories live. Discover now