-12-

3.3K 451 20
                                    

Unicode



"ရိပေါ်!!!!"

ကျောင်းပေါက်ဝကနေအာပြဲနဲ့အော်ရင်းပြေးလာတဲ့စစ်ရန်မို့ကိုလူတစ်ချို့ကကွက်ကြည့်ကွက်ကြည့်လုပ်နေကြတယ် ။ အခန်းထဲလူမရောက်ခင်အသံအရင်ကြားနေရပြီဖြစ်တဲ့အာပြဲစိန်ကိုဝမ်ရိပေါ်တော်တော်တော့စိတ်ပျက်မိတာအမှန်ပဲ ။

ဘယ်လိုလူကများ စစ်ရန်မို့လောက် စိတ်ရှုပ်စရာကောင်းပါလိမ့်ဦးမလဲ ။ ဝမ်ရိပေါ် ရဲရဲကြီးလောင်းကြေးထပ်ရဲတယ် ။

ဒါပေမယ့် အဲ့လိုလူမျိုးနဲ့တောင် အချစ်ဆုံးသူငယ်ချင်းဖြစ်နေတဲ့တစ်စုံတစ်ယောက်ကိုဖျတ်ခနဲသတိရသွားမိတော့ ဝမ်ရိပေါ် တကယ်အံ့ဩရတယ် ။ ရှောင်းကျန့်နဲ့တစ်ခန်းတည်းတူတူနေတယ်လို့ပြောဖူးတာကြောင့် စစ်ရန်မို့ဒဏ်ကို ရှောင်းကျန့်ဘယ်လိုများသည်းခံလဲသူစဉ်းစားလို့တောင်မရဘူး ။

"ရိပေါ်.. ငါဒီနေ့မနက်စာမစားလာဘူး.. ကန်တင်းသွားမယ် လိုက်ခဲ့"

"မလိုက်ဘူး"

"လိုက်ခဲ့စမ်းပါ.. ဟိုမှာ ရှောင်းကျန့်တစ်ယောက်တည်းကျန်ခဲ့တာပါဆို.. "

".........."

"ထားပါ.. မင်းမလိုက်ရင် ငါမသွားတော့ဘူး.. ငါလဲဗိုက်သိပ်မဆာပါဘူး"

အေးရာအေးကြောင်းပင် သူ့ဘေးထိုင်ခုံဝင်ထိုင်လာတဲ့စစ်ရန်မို့ကြောင့် ဝမ်ရိပေါ်မျက်ခုံးတွန့်ချိုးမိသွားတယ် ။ ဘာလဲ ။ ကန်တင်းမှာဟိုတစ်ယောက်ကိုထားခဲ့ပြီးလဲ သူကအဲ့လိုပြန်လာနေကြပဲလား။ စစ်ရန်မို့တို့သူငယ်ချင်းနှစ်ယောက်ဆက်ဆံပုံက နွေးထွေးတယ်ထင်ရပေမယ့် တစ်ခါတစ်ခါလဲ တသီးတသန့်ဆန်လွန်းနေပြန်တယ် ။

ဝမ်ရိပေါ် စိတ်ထဲဘာအလိုမကျလဲမသိပေမယ့် နောက်တော့မေ့မေ့ပျောက်ပျောက်ပါဘဲ ။

သူနဲ့ စစ်ရန်မို့ရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့က အခုထိစကားမှသေချာမပြောဖူးသေးတာ ။ ဟိုဘက်ကစမခေါ်မချင်းတော့ သူဘက်ကလဲ စခေါ်ဖို့စိတ်ကူးတောင်မရှိ ။


*

ဒီနေ့ ပထမဆုံးအကြိမ်အဖြစ် သူတို့ပထမနှစ်တွေအားလုံး ကျောင်းအားကစားကွင်းကိုသန့်ရှင်းရေးတာဝန်ကျကြတယ် ။ နှစ်အလိုက် တစ်ပတ်တစ်ခါသန့်ရှင်းရေးလုပ်ခိုင်းကြတာဖြစ်ပေမယ့် စီနီယာတွေက ညှာတာကြတာမို့လို့ အခုကသူတို့အတွက် ဒီလပိုင်းတွေထဲမှာပထမဆုံးပဲ ။

Wallpapers (Completed)Where stories live. Discover now