-5-

4.3K 580 8
                                    

Unicode



ညလေအေးတွေဝေ့ခနဲတိုက်ခတ်လာတော့ ဂျယ်သွင်းထားခြင်းမရှိတဲ့ရှောင်းကျန့်ဆံပင်လုံးလုံးလေးက ဖွာခနဲ ။

လည်ပင်းနားမှာအတွန့်လေးတွေပါတဲ့ တစ်ကိုယ်လုံးဖြူစွတ်နေတဲ့ suit လေးနဲ့ရှောင်းကျန့်က ပါတီတစ်ခုလုံးမှာရှိသမျှလူတွေထက်တောက်ပလို့နေတယ် ။

မြစ်ကမ်းဘေးမှာလုပ်တဲ့ party ဖြစ်တာကြောင့် မီးရောင်စုံတွေအရိပ်ထင်နေတဲ့မြစ်ပြင်ကျယ်ကြီးကလှပလွန်းတယ် ။ မျှော်နေတဲ့သူမလာသေးတာမို့ရှောင်းကျန့်မြစ်ပြင်ကျယ်ကြီးအလှကိုအေးရာအေးကြောင်းခံစားနေလိုက်တယ် ။

"အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ် Ceo Han"

ခွက်ချင်းတိုက်လို့အောင်ပွဲခံနေကြတဲ့စီးပွါးရေးလုက်ငန်းရှင်ကြီးတွေကြား ရှောင်းကျန့်ကသာ ကျောင်းသားအရွယ်လေးနဲ့ကပ်ပါနေတာဖြစ်တယ် ။ အမှန် ဒီလိုပွဲတွေနဲ့ သူ့လိုဆေးပညာဘက်လေ့လာနေတဲ့ကျောင်းသားနဲ့လဲမအပ်စပ်လှပါဘူး ။ ဒါပေမယ့် ဒီနေ့သူလုပ်စရာရှိသေးတယ် ။

"Ceo wang တို့လာပြီ"

ပြောရင်းဆိုရင်းနဲ့ wang group ဘက်ကကားအနက်ကြီးက parking space မှာထိုးရပ်သွားတယ် ။ နောက်တော့ Ceo Wang အပြင် သူ့သားနှစ်ယောက်လုံးပါတွဲတွေ့လိုက်ရတာကြောင့် ရှောင်းကျန့်နှုတ်ခမ်းပါးလှလှလေးတို့ကွေးညွတ်သွားတော့တယ် ။

အမှန်ဆို Wang group ရဲ့သားအကြီးဝမ်ဟိုက်ခွမ်းက စီပွါးရေးနယ်ပယ်ထဲကျင်လည်ပြီးသားသူမို့လို့ဒီလိုပွဲတွေတက်တာသဘာဝကျတယ် ။ သဘာဝမကျတာကတော့.. အင်း.. သူကိုယ်တိုင်သွားဖိတ်လာလို့ လိုက်လာတဲ့ဝမ်ရိပေါ်ပဲ ။

"Ceo wang တို့တောင်ရောက်ကြပြီပဲ"

အနားရောက်လာတဲ့ wang group ကသားအဖသုံးယောက်ကို daddy ကဧည့်ခံတယ် ။ ဒီနေ့ပွဲက Han group ရဲ့လုပ်ငန်းတိုးချဲ့မှုအောင်မြင်တဲ့ congratulations party ဖြစ်တာကြောင့် သူတို့လိုလူငယ်တွေက လိုက်လာလဲအပိုပဲ ။

ရှောင်းကျန့်စီစဉ်ထားတဲ့အတိုင်းဖြစ်လာတာကြောင့် ကျိတ်ပြုံးလိုက်တယ် ။ ဒါကို စစနောက်နောက်ရှိတဲ့ daddy ကလဲ ဝမ်ရိပေါ်ကိုတစ်လှည့် ရှောင်းကျန့်ကိုတစ်လှည့်ကြည့်နေပြီးမှ ရှောင်းကျန့်ကိုမျက်လုံးတစ်ဖက်မှိတ်ပြတယ် ။

Wallpapers (Completed)Where stories live. Discover now